Connect with us

Hi, what are you looking for?

News

ပြည်တွင်းလေကြောင်းနဲ့လိုက်ပါမယ့်ခရီးသည်တွေ ကိုဗစ်ကင်းကြောင်းထောက်ခံစာပြရမယ်

လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ဆေးခဲ့တဲ့ ကိုဗစ်ကင်းကြောင်း ထောက်ခံစာပြရမှာပါ။

ပြည်တွင်းလေကြောင်းခရီးစဉ်တွေအတွက် လိုက်ပါမယ့် ခရီးသည်တွေဟာ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာပြရမယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ဆေးခဲ့တဲ့ ကိုဗစ်ကင်းကြောင်း ထောက်ခံစာပြရမှာပါ။

ကိုဗစ်စစ်ရမယ့်နေရာတွေကို စစ်ကောင်စီက ဖော်ပြထားရာမှာ ပုဂ္ဂလိက ဆေးရုံတွေ ပါဝင်ပြီး စစ်ဆေးခကတော့ ကျပ်၂သောင်းကျော်ကနေ ကျပ်၃သောင်းကျော်အထိ ကျသင့်တယ်လို့ စုံစမ်းမှုအရသိရပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့လိုက်ပါမယ့်သူတွေဟာ ကာကွယ်ဆေးထိုးထားရင်လည်း ကိုဗစ်ကင်းကြောင်း စစ်ဆေးထားတဲ့လက်မှတ်ကို ပြသဖို့လိုတယ်လို့လေကြောင်းလိုင်းတွေဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး − ရန်ကုန် ကို ပြည်တွင်းလေကြောင်း နဲ့ အသွားအပြန် ခရီးသွားခဲ့တဲ့ခရီးသည် တစ်ဦးကတော့ အောက်တိုဘာလ ၃၁ ရက် မှာ စီးချိန်က ကိုဗစ်စစ်ဆေးချက်လည်းမတောင်းသလို ကာကွယ်ဆေးလက်မှတ်လည်းမပြခဲ့ရဘူးလို့ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တွေထံ ငွေတောင်းခံနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကြောင်း Area71 LPDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။