Connect with us

Hi, what are you looking for?

News

သားဖြစ်သူကို ဓါးစာခံအဖြစ်ဖမ်းဆီးသွား၍ မိခင်က သွားရောက်အဖမ်းခံသော်လည်း စစ်ကောင်စီက နှစ်ဦးစလုံးကို ဖမ်းဆီးထား

ကိုထိုက်လင်းဦး ဖမ်းဆီးခံရသည့် ရက်ညနေပိုင်းတွင် သားဖြစ်သူအဖမ်းခံရသဖြင့် မိခင်ဖြစ်သူမှာ သွားရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

(ဖမ်းဆီးခံရသူ ကိုထိုက်လင်းဦးအား တွေ့ရစဥ်)

မိခင်ဖြစ်သူကိုလာဖမ်းရာ မတွေ့သဖြင့် သားဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် မိခင်ဖြစ်သူက သွားရောက် အဖမ်းခံသော်လည်း နှစ်ဦးစလုံးကို အကြမ်း ဖက်စစ်ကောင်စီက ချုပ်နှောင်ထားဆဲ ဖြစ်သည်ဟု ဖမ်းဆီးခံမိသားစုဝင်တစ်ဦးက ပြောသည်။

ထိုဖြစ်စဥ်မှာ ဧရာဝတီတိုင်း ဇလွန်မြို့နယ်၌ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုထိုက်လင်းဦးမှာ ကနဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“အမေက တော်လှန်ရေး တက်ကြွလှုပ်ရှားသူဆိုပြီး လာဖမ်းတာ မတွေ့တော့ သားဖြစ်သူ ထိုက်လင်းဦးကို ဖမ်းတယ်။အမေ ဖြစ်သူလာဖမ်းခံရင် ပြန်လွှတ်မယ်ဆိုပြီး အခုတော့ နှစ်ယောက်စလုံးကို ဖမ်းလိုက်တယ်”ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုထိုက်လင်းဦး ဖမ်းဆီးခံရသည့် ရက်ညနေပိုင်းတွင် သားဖြစ်သူအဖမ်းခံရသဖြင့် မိခင်ဖြစ်သူမှာ သွားရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်ရပ်ကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာ သပညာက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆက်လက်စုံစမ်းနေကြောင်းလည်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်းတို့အလိုရှိသူဖမ်းဆီးရာတွင် ဖမ်းမမိပါက ဆွေမျိုးသားချင်းများကို ဓါးစာခံအဖြစ် ဖမ်းဆီးနေသည်မှာ အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းက ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook