Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် ရဲစခန်းနှစ်ခုနှင့် Mytel ရုံးအစောင့်တို့တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားတစ်ဦး၊ရဲတစ်ဦးသေဆုံး

ထိုနောက်ညနေ ၄နာရီခွဲ ဝန်းကျင်တွင် မုံရွာ စက်မူဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း၊ နဒီရွေစင် တွင်ခုံ/အရည်ကျိုလုပ်ငန်းအား အသံဗုံးဖောက်ခွဲခဲ့၍သတိပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ညနေပိုင်းက ရဲစခန်းနှစ်ခုနှင့် Mytelရုံးရှေ့မှ အစောင့်စစ်ကောင်စီတပ်သားတို့ကို တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦးနှင့်ရဲတစ်ဦးသေဆုံးကြောင်း မုံရွာမြို့ခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်က မုံရွာမြို့ အမှတ် ၂ ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဲတပ်သားတစ်ဦးလည်း နားထင်တွင်သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးသွားသည်ဟု မုံရွာမြို့ခံများက ပြောသည်။

ထိုနောက်ညနေ ၄နာရီခွဲ ဝန်းကျင်တွင် မုံရွာ စက်မူဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း၊ နဒီရွေစင် တွင်ခုံ/အရည်ကျိုလုပ်ငန်းအား အသံဗုံးဖောက်ခွဲခဲ့၍သတိပေးခဲ့ကြောင်းသိရသည်။

ထိုအပြင်ညနေ ၅ နာရီဝန်းကျင်တွင်လည်း မုံရွာမြို့ အမှတ် ၂ ရဲစခန်းတွင် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ရဲအချို့ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်သည့်လုပ်ငန်းများအား PDF-South Monywaမှ ဗိုလ်မိုးကြိုး
နှင့်အတူ Monywa Heroes Group အဖွဲ့တို့ကမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းအဆိုပါအဖွဲ့များကထုတ်ပြန်သည်။

ထိုအပြင် ည ၇နာရီ ၂၀မိနစ်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ MYTEL ရုံးရှေ့ရှိ စစ်သားတစ်ဦးအား South Monywa PDF မှ ဗိုလ်မိုးကြိုးနှင့်မြွေဟောက်တို့မှ သေနတ်ဖြင့်ခြောက်ချက်ပစ်ကာတိုက်ခိုက်၍သတ်ခဲ့ကြောင်း၊ South Monywa PDF နှင့် Monywa Nightking တို့ဘက်မှ အထိအခိုက်မရှိကြောင်း South Monywa PDF မှ အသိပေးသည်။

စက်မှုဇုန်ရှိ တွန်ခုံ/အရည်ကျိုလုပ်ငန်းနေအိမ်မှာမူ စစ်တပ်ထောက်ခံအားပေးသည့်အလုပ်များပြုလုပ်နေ၍ အသံဗုံးပစ်ဖောက်သတိပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။အဆိုပါဖြစ်စဥ်များအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သားများ ထိခိုက်မှုမရှိကြောင်းလည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook