Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့တွင် ရဲစခန်းနှစ်ခုနှင့် Mytel ရုံးအစောင့်တို့တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားတစ်ဦး၊ရဲတစ်ဦးသေဆုံး

ထိုနောက်ညနေ ၄နာရီခွဲ ဝန်းကျင်တွင် မုံရွာ စက်မူဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း၊ နဒီရွေစင် တွင်ခုံ/အရည်ကျိုလုပ်ငန်းအား အသံဗုံးဖောက်ခွဲခဲ့၍သတိပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ညနေပိုင်းက ရဲစခန်းနှစ်ခုနှင့် Mytelရုံးရှေ့မှ အစောင့်စစ်ကောင်စီတပ်သားတို့ကို တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦးနှင့်ရဲတစ်ဦးသေဆုံးကြောင်း မုံရွာမြို့ခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်က မုံရွာမြို့ အမှတ် ၂ ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဲတပ်သားတစ်ဦးလည်း နားထင်တွင်သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးသွားသည်ဟု မုံရွာမြို့ခံများက ပြောသည်။

ထိုနောက်ညနေ ၄နာရီခွဲ ဝန်းကျင်တွင် မုံရွာ စက်မူဇုန်ရပ်ကွက်၊ စန္ဒကူးလမ်း၊ နဒီရွေစင် တွင်ခုံ/အရည်ကျိုလုပ်ငန်းအား အသံဗုံးဖောက်ခွဲခဲ့၍သတိပေးခဲ့ကြောင်းသိရသည်။

ထိုအပြင်ညနေ ၅ နာရီဝန်းကျင်တွင်လည်း မုံရွာမြို့ အမှတ် ၂ ရဲစခန်းတွင် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ရဲအချို့ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်သည့်လုပ်ငန်းများအား PDF-South Monywaမှ ဗိုလ်မိုးကြိုး
နှင့်အတူ Monywa Heroes Group အဖွဲ့တို့ကမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းအဆိုပါအဖွဲ့များကထုတ်ပြန်သည်။

ထိုအပြင် ည ၇နာရီ ၂၀မိနစ်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ MYTEL ရုံးရှေ့ရှိ စစ်သားတစ်ဦးအား South Monywa PDF မှ ဗိုလ်မိုးကြိုးနှင့်မြွေဟောက်တို့မှ သေနတ်ဖြင့်ခြောက်ချက်ပစ်ကာတိုက်ခိုက်၍သတ်ခဲ့ကြောင်း၊ South Monywa PDF နှင့် Monywa Nightking တို့ဘက်မှ အထိအခိုက်မရှိကြောင်း South Monywa PDF မှ အသိပေးသည်။

စက်မှုဇုန်ရှိ တွန်ခုံ/အရည်ကျိုလုပ်ငန်းနေအိမ်မှာမူ စစ်တပ်ထောက်ခံအားပေးသည့်အလုပ်များပြုလုပ်နေ၍ အသံဗုံးပစ်ဖောက်သတိပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။အဆိုပါဖြစ်စဥ်များအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သားများ ထိခိုက်မှုမရှိကြောင်းလည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။