Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်-မတူပီလမ်းတိက်ပွဲစစ်ကောင်စီတပ် ၂၅ ဦးသေ၊ တိုက်ပွဲတွင်စစ်ကောင်စီတပ်ယာဥ်တန်းနောက်ဆုံးကားမောင်းပြေး၍သေသူများခဲ့ခြင်းဖြစ်ဟုCDF ထုတ်ပြန်

နိုဝင်ဘာ ၃ ရက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ကား ၇၅ စီးပါသော ယာဉ်တန်းကို CDF(မင်းတပ်)က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးသေးသည်။ထိုတိုက်ပွဲတွင်အသက် ၇၃ နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

(မင်းတပ်-မတူပီ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းကိုအဝေးမှတွေ့ရစဥ် ဓါတ်ပုံ-CDF)

မင်းတပ်-မတူပီလမ်းပိုင်းတွင် နိုဝင်ဘာ ၄ ရက်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ -CDF (မင်းတပ်)က နှစ်ကြိမ်တိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦး‌သေဆုံးကြောင်းCDF-မင်းတပ်က ယနေ့(နိုဝင်ဘာ ၅ရက်)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ၄ရက်တွင် မင်းတပ်မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်းပိုင် မိုင်တိုင် ၆ နှင့် မိုင်တိုင် ၄၃ တို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။ မိုင်တိုင် ၆တွင် အကြမ်းဖက်စစ်တပ်က မနက် ၈နာရီခွဲတွင် စစ်ကြောင်းထိုးလာသဖြင့် CDF-မင်းတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုတိုက်ပွဲတွင် CDF(မင်းတပ်)၏ ပဒေသာမိုင်းကြောင့် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု CDF(မင်းတပ်)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်မိုင်တိုင် ၄၃တွင် သံချပ်ကားပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို CDF(မင်းတပ်)က ရှေ့နောက် ညှပ်တိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးခဲ့သည်ဟု CDF (မင်းတပ်)ကထုတ်ပြန်သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်း၏ နောက်ဆုံးကားက မောင်းပြေးသဖြင့် ကားအောက်တွင် ဝပ်၍နေရာယူထားသော အကြမ်းဖက်စစ်သားများ ကားနောက်အမှီပြေးလိုက်ချိန်တွင် CDF တပ်ဖွဲ့ဝင်များကဝိုင်းပစ်ခတ်ခဲ့၍ အကျအဆုံးများရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်အသေးစိတ်ဖော်ပြထားသည်။

နိုဝင်ဘာ ၃ ရက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ကား ၇၅ စီးပါသော ယာဉ်တန်းကို CDF(မင်းတပ်)က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးသေးသည်။ထိုတိုက်ပွဲတွင်အသက် ၇၃ နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။