Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတိက်ပွဲစစ်ကောင်စီတပ် ၂၅ ဦးသေ၊ တိုက်ပွဲတွင်စစ်ကောင်စီတပ်ယာဥ်တန်းနောက်ဆုံးကားမောင်းပြေး၍သေသူများခဲ့ခြင်းဖြစ်ဟုCDF ထုတ်ပြန်

နိုဝင်ဘာ ၃ ရက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ကား ၇၅ စီးပါသော ယာဉ်တန်းကို CDF(မင်းတပ်)က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးသေးသည်။ထိုတိုက်ပွဲတွင်အသက် ၇၃ နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

(မင်းတပ်-မတူပီ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းကိုအဝေးမှတွေ့ရစဥ် ဓါတ်ပုံ-CDF)

မင်းတပ်-မတူပီလမ်းပိုင်းတွင် နိုဝင်ဘာ ၄ ရက်၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ -CDF (မင်းတပ်)က နှစ်ကြိမ်တိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦး‌သေဆုံးကြောင်းCDF-မင်းတပ်က ယနေ့(နိုဝင်ဘာ ၅ရက်)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ၄ရက်တွင် မင်းတပ်မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်းပိုင် မိုင်တိုင် ၆ နှင့် မိုင်တိုင် ၄၃ တို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။ မိုင်တိုင် ၆တွင် အကြမ်းဖက်စစ်တပ်က မနက် ၈နာရီခွဲတွင် စစ်ကြောင်းထိုးလာသဖြင့် CDF-မင်းတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုတိုက်ပွဲတွင် CDF(မင်းတပ်)၏ ပဒေသာမိုင်းကြောင့် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု CDF(မင်းတပ်)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်မိုင်တိုင် ၄၃တွင် သံချပ်ကားပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို CDF(မင်းတပ်)က ရှေ့နောက် ညှပ်တိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးခဲ့သည်ဟု CDF (မင်းတပ်)ကထုတ်ပြန်သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်း၏ နောက်ဆုံးကားက မောင်းပြေးသဖြင့် ကားအောက်တွင် ဝပ်၍နေရာယူထားသော အကြမ်းဖက်စစ်သားများ ကားနောက်အမှီပြေးလိုက်ချိန်တွင် CDF တပ်ဖွဲ့ဝင်များကဝိုင်းပစ်ခတ်ခဲ့၍ အကျအဆုံးများရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်အသေးစိတ်ဖော်ပြထားသည်။

နိုဝင်ဘာ ၃ ရက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ကား ၇၅ စီးပါသော ယာဉ်တန်းကို CDF(မင်းတပ်)က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးသေးသည်။ထိုတိုက်ပွဲတွင်အသက် ၇၃ နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး၊ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook