Connect with us

Hi, what are you looking for?

News

မြင့်မြင့်ခင် ထိုးမုန့်ပိုင်ရှင်နေအိမ်ကို စစ်ကောင်စီတပ်တွေဝိုင်းပြီး၊ ၄ ဦးခန့်ကိုဖမ်းဆီးသွား

“ဖမ်းသွားတာလူ ၄ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုထိတော့အဆက်အသွယ်မရသေးဘူး၊ဘာကြောင့်ဖမ်းတယ်ဆိုတာလည်းမသိဘူး” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာနေထိုင်တဲ့ မြင့်မြင့်ခင် ထိုးမုန့်ဆိုင်တွေရဲ့ ပိုင်ရှင် နေအိမ်ကို နိုဝင်ဘာ ၅ ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

မနေ့ညပိုင်းက နေအိမ်ခြံဝင်းအတွင်းနဲ့ ခြံဝင်းပြင်ပတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူ ၄ ဦးခန့်ကိုဖမ်းဆီးသွားခဲ့တယ်လို့ မြင့်မြင့်ခင်မိသားစုနဲ့နီးစပ်သူတစ်ဦးထံကနေစုံစမ်းသိရပါတယ်။

“ဖမ်းသွားတာလူ ၄ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုထိတော့အဆက်အသွယ်မရသေးဘူး၊ဘာကြောင့်ဖမ်းတယ်ဆိုတာလည်းမသိဘူး” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုန်ပိုင်းကလည်း မန္တလေးမြို့ ၆၂ လမ်း မှာရှိတဲ့ မြင့်မြင့်ခင် ထိုးမုန့်ဆိုင်က CCTV မှတ်တမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မ ဝင်ရောက်ယူဆောင်ခဲ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။