Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင့်မြင့်ခင် ထိုးမုန့်ပိုင်ရှင်နေအိမ်ကို စစ်ကောင်စီတပ်တွေဝိုင်းပြီး၊ ၄ ဦးခန့်ကိုဖမ်းဆီးသွား

“ဖမ်းသွားတာလူ ၄ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုထိတော့အဆက်အသွယ်မရသေးဘူး၊ဘာကြောင့်ဖမ်းတယ်ဆိုတာလည်းမသိဘူး” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာနေထိုင်တဲ့ မြင့်မြင့်ခင် ထိုးမုန့်ဆိုင်တွေရဲ့ ပိုင်ရှင် နေအိမ်ကို နိုဝင်ဘာ ၅ ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

မနေ့ညပိုင်းက နေအိမ်ခြံဝင်းအတွင်းနဲ့ ခြံဝင်းပြင်ပတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူ ၄ ဦးခန့်ကိုဖမ်းဆီးသွားခဲ့တယ်လို့ မြင့်မြင့်ခင်မိသားစုနဲ့နီးစပ်သူတစ်ဦးထံကနေစုံစမ်းသိရပါတယ်။

“ဖမ်းသွားတာလူ ၄ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုထိတော့အဆက်အသွယ်မရသေးဘူး၊ဘာကြောင့်ဖမ်းတယ်ဆိုတာလည်းမသိဘူး” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုန်ပိုင်းကလည်း မန္တလေးမြို့ ၆၂ လမ်း မှာရှိတဲ့ မြင့်မြင့်ခင် ထိုးမုန့်ဆိုင်က CCTV မှတ်တမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မ ဝင်ရောက်ယူဆောင်ခဲ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။