Connect with us

Hi, what are you looking for?

News

ပြည်သူ့အာဏာ ပြည်သူထံပြန်လည်အပ်နှံနိုင်ရေးနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆက်လက်ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲတစ်နှစ်ပြည့်တွင် NLDထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ (၁)နှစ်ပြည့်နှစ် ပတ်လည်နေ့မှာ ကတိသစ္စာပြုထုတ်ပြန်ခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်နေတဲ့ ပြည်သူလူထုတရပ်လုံးကို NLDပါတီက အထူးလေးစားအားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲနေ့တွင် မဲပေးရန်တန်းစီနေသူများအား တွေ့ရစဥ်)

ပြည်သူလူထုရဲ့အခွင့်အာဏာကို ပြည်သူထံ ပြန်လည်အပ်နှံနိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ အပြီး တိုင်လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေး အတွက် ပြည်သူလူထုနဲ့အတူ ဆက်လက်ဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ (၁)နှစ်ပြည့်နှစ် ပတ်လည်နေ့မှာ ကတိသစ္စာပြုထုတ်ပြန်ခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်နေတဲ့ ပြည်သူလူထုတရပ်လုံးကို NLDပါတီက အထူးလေးစားအားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ COVID-19 ကပ်ရောဂါကြားကပင် မဲဆန္ဒရှင်ပြည်သူတွေဟာ လွတ်လပ်တဲ့စိတ်ဆန္ဒတို့နဲ့ NLDကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးရွေး ချယ်ခဲ့ကြပြီး ဒီချုပ်ဟာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ အဲဒီအတွက် ပြည်သူလူထုကို ကျေးဇူးဥပကာရတင်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်တစုက မဲစာရင်းမဲယွင်းသည်ဆိုကာ လက်နက်အားကိုးနဲ့ နိုင်ငံတော် အာဏာကို ဥပဒေမဲ့လုယူခဲ့တယ်လို့ NLDက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်လို့ ယူဆပါက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါ လုပ် ထုံးလုပ်နည်းများအတိုင်း ကန့်ကွက်လွှာတင်သွင်းကာ ဥပဒေနဲ့အညီတရားမျှတမှုရှိအောင်လုပ်ဆောင်နိုင်ပေမယ့် စစ်ခေါင်း ဆောင်တစုဟာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံဆန္ဒပြုခဲ့တာကို လျစ်လျူရှု၊ တည်ဆဲဥပဒေကိုချိုးဖောက်ပြီး အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ NLDက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော