Connect with us

Hi, what are you looking for?

News

ဂန့်ဂေါကျွဲတဲရွာအနီးတိုက်ပွဲပြင်းထန်နေ ၊ဝမ်းဘဲဂျိုင့်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် ၃၄ ဦး သေ

“တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတာ။ အခုလည်း ကျွဲတဲရွာမှာ ထိပ်တိုက်ချနေကြပြီ။ လမ်းဆုံနေရာအချို့မှာ PDF လူငယ်တွေနဲ့ တွေ့တယ်။ လုံခြုံရေးသတိထားဖို့ မှာတယ်”ဟု ဂန့်ဂေါမြို့ခံတစ်ဦးကပြောသည်။

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ကျွဲတပ်ရွာအနီးတွင် ယနေ့နေ့လယ်ပိုင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောပြီး၊ ပုလဲ-ဂန့်ဂေါလမ်းတွင် ခြေလျင်တက်လာသောအာဏာသိမ်းစစ်ကောင်စီတပ်ကို မိုင်း ၃၅ လုံးဆွဲတိုက်ခိုက်ရာ စစ်သား ၃၄ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၈ ရက်) အ ခြေအနေအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ရာတွင်ပုလဲ-ဂန့်ဂေါလမ်း၊ ဝမ်းဘဲဂျိုင့်ကျေးရွာအနီး ခြေလျင်တက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူတော်လှန်ရေး တပ်မတော်(PRA) I Pale PDF-Headquarters နှင့် ဂျိုကာ အဖွဲ့တို့က မိုင်း ၃၅ လုံးခွဲ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတာ။ အခုလည်း ကျွဲတဲရွာမှာ ထိပ်တိုက်ချနေကြပြီ။ လမ်းဆုံနေရာအချို့မှာ PDF လူငယ်တွေနဲ့ တွေ့တယ်။ လုံခြုံရေးသတိထားဖို့ မှာတယ်”ဟု ဂန့်ဂေါမြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဆယ်ဦးသေဆုံးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(YDF)ကသတင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။