Connect with us

Hi, what are you looking for?

News

ချင်းတောင်တက်လာသော စစ်ကောင်စီတပ်ကားလေးစီးကို မိုင်း ၆လုံးခွဲတိုက်ခိုက်

ပူးပေါင်းတပ်ဖွဲ့၏ အလစ်ငိုက်ချုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် စစ်ကားများ အထိအခိုက် ရှိနိုင်ကြောင်းလည်းဖော်ပြထားသည်။သို့သော်ထိ့ခိုက် ဒဏ်ရာရရှိမှုအသေးစိတ်ကိုမူဖော်ပြထားခြင်းမရှိပေ။

CNA ၊ CDF – KKG တပ်ရင်း ၂ (CDM – Siyin) နှင့် Zoland-PDF ပူးပေါင်းတပ်ဖွဲ့သည် ချင်းတောင်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ကားအကြီးနှစ်စီး၊ အသေးနှစ်စီးကို သိုင်းငင်းနှင့် ဟိန်ဇိန်ရွာကြားတွင် ယနေ့ (နိုဝင်ဘာ ၈ ရက်နေ့)နံနက် (၁၀) နာရီဝန်းကျင်၌
မိုင်း (၆) လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း CDF ကသတင်းထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့၏ အလစ်ငိုက်ချုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် စစ်ကားများ အထိအခိုက် ရှိနိုင်ကြောင်းလည်းဖော်ပြထားသည်။သို့သော်ထိ့ခိုက် ဒဏ်ရာရရှိမှုအသေးစိတ်ကိုမူဖော်ပြထားခြင်းမရှိပေ။

လက်ရှိအချိန်တွင်စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်နှင့် ကလေးဆက်သွယ်ထားသော လမ်းမများတွင် တပ်စွဲ၊ သွားလာပြီး လူမဆန်သောအကြမ်းဖက်လုပ်ရပ်များကို အချိန်မရွေးကျူးလွန်နိုင်သည့်အတွက် မိဘပြည်သူများအနေနှင့် အထူးသတိပြုသွားလာနေထိုင်ကြပါရန် အသိပေးအပ်ပါသည်ဟုလည်း CDF-KKG(ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ကလေး၊ကဘော၊ဂန့်ဂေါ)အဖွဲ့က နှိုးဆော်ထားသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်တိုင်းတွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးနေ၍ ယခုလပိုင်းအတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook