Connect with us

Hi, what are you looking for?

News

မြန်မာ့လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာနေတယ်လို့ ကုလပြော

အကြမ်းဖက်မှုတွေ ရပ်တန့်မှုနဲ့ မြန်မာ့အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းမှုမရှိရင် လူဦးရေ ၃ သန်းဆိုတဲ့ကိန်းဂဏန်းထက် ပိုမိုမြင့်တက်လာဖို့သာရှိကြောင်း ကုလသမဂ္ဂကူညီကယ်ဆယ် ရေးအရာရှိချုပ် Martin Griffiths က ပြောပါတယ်။

ဓာတ်ပုံ - OCHA/PPeron

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအခြေအနေဟာ ဆိုးရွားလာနေပြီး လူဦးရေ ၃ သန်းခန့်ဟာ အသက်ကူညီကယ်ဆယ်ရေးလက်တွေ့လုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂကူညီကယ် ဆယ်ရေးအကြီးအကဲက မနေ့က(နိုဝင်ဘာ ၈ ရက်) ပြောပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန့်မှုနဲ့ မြန်မာ့အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းမှုမရှိရင် လူဦးရေ ၃ သန်းဆိုတဲ့ကိန်းဂဏန်းထက် ပိုမိုမြင့်တက်လာဖို့သာရှိကြောင်း ကုလသမဂ္ဂကူညီကယ်ဆယ် ရေးအရာရှိချုပ် Martin Griffiths က ပြောပါတယ်။

“ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပြဒေသတွေနဲ့ အနီးအနားတွေမှာ စားနပ်ရိက္ခာမလုံလောက်မှု မြင့်တက်လာနေတယ်ဆိုတဲ့ အစီရင်ခံစာတွေအပေါ် ကျွန်တော် ပိုပြီးစိုးရိမ်နေပါတယ်” လို့ Martin Griffiths က ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံရဲ့အနောက်မြောက်ဒေသအခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်တယ်လို့ ကုလအကြီးအကဲက မှတ်ချက်ပြုခဲ့ပြီး မကွေးနဲ့စစ်ကိုင်းတိုင်းဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ကျယ်ပြန်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၇၀၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာရပြီး ဘုရားကျောင်းနဲ့ လူသားချင်းအကူအညီပေးရေးအဖွဲ့ရုံးခန်းတွေအပါအဝင် လူနေအိမ် ၁၆၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်”လို့ Mr. Martin က ထန်တလန်မြို့ဖြစ်စဉ်ကို အသေးစိတ်ပြော ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

သတင်း

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။