Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

ဧပြီ-၁၊၂၀၂၆။သော်မွန်/People’s Spring

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ ၇ ဦးမြောက်ဖြစ်လာတဲ့ မစ္စစ်ကယ်လီအန်းဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကုလလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက မစ္စစ်ကယ်လီအန်းကို အဆိုပြုခဲ့ရာမှာသူမရဲ့ ကျွမ်းကျင်မှု၊ လုပ်ပိုင်ခွင့်နယ်ပယ်မှာ အတွေ့အကြုံရှိမှု၊ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနဲ့ မျှတစွာ ရှုမြင်နိုင်စွမ်းရှိမှုတွေကြောင့်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းအမေရိကန်လွှတ်တော်အမတ်ဟောင်း မစ္စတာတွမ်အန်ဒရူးစ်ဟာ သူ့ရဲ့ ၆ နှစ်တာ သက်တမ်းပြီးဆုံးခဲ့ပြီး မတ်လထဲမှာ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် အထူးအစီရင်ခံစာတင်သွင်းသူအသစ် မစ္စစ်ကယ်လီအန်းက မစ္စတာတွမ်းအန်ဒရူးစ်နေရာကို ဆက်ခံမှာဖြစ်ပြီး သူမဟာ မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အားပေးထောက်ခံမှုကို ရရှိထားပါတယ်။

မစ္စစ်ကယ်လီအန်းဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတထရမ့်ရဲ့ ပထမသက်တမ်းမှာ မစ္စစ်ကယ်လီအန်းဟာ ကုလသမဂ္ဂမှာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးတွေရဲ့အရေးကိစ္စတွေအတွက် အမေရိကန်အထူးသံအမတ်ဖြစ်ခဲ့သလို ကုလသမဂ္ဂ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးကော်မရှင်မှာလည်း အမေရိကန်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စစ်နစ်ကီဟာလေးလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ စီးပွားရေးလူမှုရေးကောင်စီ(တတိယကောင်စီ)မှာ အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်တာဝန်ပေးခဲ့တာပါ။ အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

သတင်း

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။