Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ ကုလလုံခြုံရေးကောင်စီကျင်းပ

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့နဲ့ပတ်သက်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်သွားဖို့ ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

(ကုလလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးကျင်းပ​နေသည်ကို ယခင်က ​တွေ့ရစဥ်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကို ၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ကျင်းပခဲ့ပြီး နိုင်ငံရဲ့အနောက်မြောက်ဒေသ စစ်ရေးအခြေအနေ ကို စိုးရိမ်တယ်လို့ အမြဲတမ်းအဖွဲ့ဝင်ဗြိတိန်က ပြောကြားပါတယ်။

အဆိုပါတံခါးပိတ်ဆွေးနွေးပွဲကျင်းပဖို့ ဗြိတိန်ကတောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့အကြမ်း ဖက်မှုတွေရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ တောင်းဆိုမှုတွေရှိနေချိန်မှာ တိုက်ဆိုင်စွာလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

“အထူးသဖြင့် နိုင်ငံရဲ့အနောက်မြောက်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေမြင့်တက်နေတဲ့အပေါ် ကျွန်တော်တို့စိုးရိမ်ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့လေးနှစ်ကျော်က ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေကို ပြန်လည်မြင်ယောင်စေတဲ့အတွက် စိုးရိမ်ကြတာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာဗြိတိန်ဒုတိယသံအမတ် James Kariuki က သတင်းထောက်တွေကို ပြောပါတယ်။

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့နဲ့ပတ်သက်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်သွားဖို့ ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ ဆန္ဒမဲတွေဟာ လွတ်လပ်ပြီး မျှတတယ်လို့ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲလေ့လာသူတွေက ယုံကြည်တယ်လို့လည်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးကလည်း ကနေဒါအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည် ကြောင်းနဲ့ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ဒီမိုကရေစီအနာဂတ်အတွက် တိုးမြှင့်လုပ်ဆောင်သွား မယ်လို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။