Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ ကုလလုံခြုံရေးကောင်စီကျင်းပ

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့နဲ့ပတ်သက်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်သွားဖို့ ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

(ကုလလုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးကျင်းပ​နေသည်ကို ယခင်က ​တွေ့ရစဥ်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကို ၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ကျင်းပခဲ့ပြီး နိုင်ငံရဲ့အနောက်မြောက်ဒေသ စစ်ရေးအခြေအနေ ကို စိုးရိမ်တယ်လို့ အမြဲတမ်းအဖွဲ့ဝင်ဗြိတိန်က ပြောကြားပါတယ်။

အဆိုပါတံခါးပိတ်ဆွေးနွေးပွဲကျင်းပဖို့ ဗြိတိန်ကတောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့အကြမ်း ဖက်မှုတွေရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ တောင်းဆိုမှုတွေရှိနေချိန်မှာ တိုက်ဆိုင်စွာလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

“အထူးသဖြင့် နိုင်ငံရဲ့အနောက်မြောက်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေမြင့်တက်နေတဲ့အပေါ် ကျွန်တော်တို့စိုးရိမ်ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့လေးနှစ်ကျော်က ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေကို ပြန်လည်မြင်ယောင်စေတဲ့အတွက် စိုးရိမ်ကြတာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာဗြိတိန်ဒုတိယသံအမတ် James Kariuki က သတင်းထောက်တွေကို ပြောပါတယ်။

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့နဲ့ပတ်သက်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်သွားဖို့ ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ ဆန္ဒမဲတွေဟာ လွတ်လပ်ပြီး မျှတတယ်လို့ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲလေ့လာသူတွေက ယုံကြည်တယ်လို့လည်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးကလည်း ကနေဒါအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည် ကြောင်းနဲ့ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ဒီမိုကရေစီအနာဂတ်အတွက် တိုးမြှင့်လုပ်ဆောင်သွား မယ်လို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။