Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်း၌ ယနေ့ တိုက်ပွဲဆက်ဖြစ်၊ ခုနစ်ရက်ဆက် တိုက်ပွဲဖြစ်ခြင်းဟုဆို

ယနေ့တွင်လည်း မင်းတပ် CDFနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များကြောင်း သိရသည်ဟု မင်းတပ်ဒေသ စစ်ရေးအခြေအနေများကို လူမှုကွန်ရက်၌ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ချင်းဒေသခံတစ်ဦးက ရေးသားထားသည်။

(ချင်းပြည်နယ်သို့ အင်အားအလုံးအရင်ဖြင့် ချီတက်လာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်း၌ မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့(နိုဝင်ဘာ၉ရက်) တိုက်ပွဲဆက်လက်ဖြစ် ပွားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက PSသို့ ပြောသည်။

“မင်းတပ် အနီးတစ်၀ိုက်မှာ မင်းတပ်နဲ့ မတူပီကြား မင်းတပ်ကနေအထွက်ပေါ့ အဲဒီမှာ တိုက်ပွဲတော့ဖြစ်နေတယ်။ဒါပေမဲ့ အကျအဆုံး တွေတော့ ကျွန်တော်တို့ မကြားသေးဘူး”ဟု ၎င်းက ဆိုသည်။

မင်းတပ်မှ မတူပီသို့ စစ်အင်အားများ သွားရောက်ဖြည့်တင်းသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် အောက်တိုဘာ လကုန်ပိုင်းတွင် မတူပီမှ မင်းတပ်သို့ ပြန်ဆင်းလာရာ CDF တပ်ဖွဲ့ဝင်များက လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယနေ့တွင်လည်း မင်းတပ် CDFနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များကြောင်း သိရသည်ဟု မင်းတပ်ဒေသ စစ်ရေးအခြေအနေများကို လူမှုကွန်ရက်၌ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ချင်းဒေသခံတစ်ဦးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကား ၇၀ကျော်ပါ ယာဉ်တန်းကို CDFက နိုဝင်ဘာ ၃ရက်မှ နိုဝင်ဘာ ၉ရက်အထိ ခုနစ်ရက်ဆက်တိုက် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

(ချင်းပြည်နယ်သို့ အင်အားအလုံးအရင်ဖြင့် ချီတက်လာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – Hkl Mindat)

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook