Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်-မတူပီလမ်း၌ ယနေ့ တိုက်ပွဲဆက်ဖြစ်၊ ခုနစ်ရက်ဆက် တိုက်ပွဲဖြစ်ခြင်းဟုဆို

ယနေ့တွင်လည်း မင်းတပ် CDFနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များကြောင်း သိရသည်ဟု မင်းတပ်ဒေသ စစ်ရေးအခြေအနေများကို လူမှုကွန်ရက်၌ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ချင်းဒေသခံတစ်ဦးက ရေးသားထားသည်။

(ချင်းပြည်နယ်သို့ အင်အားအလုံးအရင်ဖြင့် ချီတက်လာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်း၌ မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့(နိုဝင်ဘာ၉ရက်) တိုက်ပွဲဆက်လက်ဖြစ် ပွားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက PSသို့ ပြောသည်။

“မင်းတပ် အနီးတစ်၀ိုက်မှာ မင်းတပ်နဲ့ မတူပီကြား မင်းတပ်ကနေအထွက်ပေါ့ အဲဒီမှာ တိုက်ပွဲတော့ဖြစ်နေတယ်။ဒါပေမဲ့ အကျအဆုံး တွေတော့ ကျွန်တော်တို့ မကြားသေးဘူး”ဟု ၎င်းက ဆိုသည်။

မင်းတပ်မှ မတူပီသို့ စစ်အင်အားများ သွားရောက်ဖြည့်တင်းသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် အောက်တိုဘာ လကုန်ပိုင်းတွင် မတူပီမှ မင်းတပ်သို့ ပြန်ဆင်းလာရာ CDF တပ်ဖွဲ့ဝင်များက လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယနေ့တွင်လည်း မင်းတပ် CDFနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များကြောင်း သိရသည်ဟု မင်းတပ်ဒေသ စစ်ရေးအခြေအနေများကို လူမှုကွန်ရက်၌ စဉ်ဆက်မပြတ် ဖော်ပြနေသည့် ချင်းဒေသခံတစ်ဦးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မတူပီမှ ပြန်ဆင်းလာသည့် စစ်ကား ၇၀ကျော်ပါ ယာဉ်တန်းကို CDFက နိုဝင်ဘာ ၃ရက်မှ နိုဝင်ဘာ ၉ရက်အထိ ခုနစ်ရက်ဆက်တိုက် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

(ချင်းပြည်နယ်သို့ အင်အားအလုံးအရင်ဖြင့် ချီတက်လာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – Hkl Mindat)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။