Connect with us

Hi, what are you looking for?

News

ပု​လောမြို့နယ်က ၈နာရီခန့်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား နှစ်ဦး​သေ၊သုံးဦးဒဏ်ရာရဟု PRDF​ပြော

စစ်ကောင်စီ၏ ပုလောနယ်အတွင်း ထိုးစစ်ဆင်မှုကို ပုလောမြို့နယ်အခြေစိုက်ခြေလျင်တပ်ရင်း (၂၈၅) အသုံးပြုခဲ့ပြီး ၎င်းအောက်ခံ ပျူစောထီအဖွဲ့ဝင်အချို့လည်းပါရှိသည်ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

People's Spring
People's Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၉ ရက်)က တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း Palaw Regional Defense Force (PRDF) မှ တာဝန်ရှိသူက PSသို့ ပြောသည်။

ယ​နေ့ နံနက် ၉ နာရီခန့်ကစ၍ ၈ နာရီခန့် ကြာမြင့်ခဲ့သော စစ်ကောင်စီတပ်၏ နှစ်ဖက်ညှပ်ပိတ်ဆို့တိုက်ခိုက်မှုကို ပျောက်ကြားဗျူဟာဖြင့် ပုလောPDF နှင့် ဒေသခံပူးပေါင်းတပ်ဖွဲ့ PRDFတို့က ခုခံခဲ့သည်ဟုဆိုသည်။

“မတောင် ကျေးရွာကနေ အင်အား ၆၀ လောက် နဲ့ ဂျင်းနီကျေးရွာဘက်က အင်အား ၁၀၀ ကျော် ရှိတဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့တယ်။ကျွန်တော် တို့က ပျောက်ကြား စနစ်နဲ့ ခုခံစစ်ဆင်နွှဲတယ်။သေချာတဲ့ သတင်းအရဆို အနည်းဆုံး နှစ်ဦးသေတယ်။ခြောက်ယောက်လောက် ဒဏ်ရာရတယ်”ဟု PRDF ၏ တာဝန်ရှိသူက ပြောသည်။

ထို တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးမျှ ကျဆုံးထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပုလောနယ်အတွင်း ထိုးစစ်ဆင်မှုကို ပုလောမြို့နယ်အခြေစိုက်ခြေလျင်တပ်ရင်း (၂၈၅) အသုံးပြုခဲ့ပြီး ၎င်းအောက်ခံ ပျူစောထီအဖွဲ့ဝင်အချို့လည်းပါရှိသည်ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

KNU ထိန်းချုပ်ရာ နယ်မြေတစ်ခုဖြစ်သော ပုလောဒေသတွင် စစ်ကောင်စီက စက်တင်ဘာနှင့် အောက်တိုဘာအတွင်း နှစ်ကြိမ်ထိုးစစ်ဆင်ခဲ့ပြီး အထိအခိုက်အသေအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်တွင် ပုလောမြို့နယ် မိကျောင်းသိုက် ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ထံမှ လက်နက်ရှစ်လက် နှင့် ပျူစောထီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းမိသိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။