Connect with us

Hi, what are you looking for?

LuduNwayOo

News

ပု​လောမြို့နယ်က ၈နာရီခန့်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား နှစ်ဦး​သေ၊သုံးဦးဒဏ်ရာရဟု PRDF​ပြော

စစ်ကောင်စီ၏ ပုလောနယ်အတွင်း ထိုးစစ်ဆင်မှုကို ပုလောမြို့နယ်အခြေစိုက်ခြေလျင်တပ်ရင်း (၂၈၅) အသုံးပြုခဲ့ပြီး ၎င်းအောက်ခံ ပျူစောထီအဖွဲ့ဝင်အချို့လည်းပါရှိသည်ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

People's Spring
People's Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၉ ရက်)က တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း Palaw Regional Defense Force (PRDF) မှ တာဝန်ရှိသူက PSသို့ ပြောသည်။

ယ​နေ့ နံနက် ၉ နာရီခန့်ကစ၍ ၈ နာရီခန့် ကြာမြင့်ခဲ့သော စစ်ကောင်စီတပ်၏ နှစ်ဖက်ညှပ်ပိတ်ဆို့တိုက်ခိုက်မှုကို ပျောက်ကြားဗျူဟာဖြင့် ပုလောPDF နှင့် ဒေသခံပူးပေါင်းတပ်ဖွဲ့ PRDFတို့က ခုခံခဲ့သည်ဟုဆိုသည်။

“မတောင် ကျေးရွာကနေ အင်အား ၆၀ လောက် နဲ့ ဂျင်းနီကျေးရွာဘက်က အင်အား ၁၀၀ ကျော် ရှိတဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့တယ်။ကျွန်တော် တို့က ပျောက်ကြား စနစ်နဲ့ ခုခံစစ်ဆင်နွှဲတယ်။သေချာတဲ့ သတင်းအရဆို အနည်းဆုံး နှစ်ဦးသေတယ်။ခြောက်ယောက်လောက် ဒဏ်ရာရတယ်”ဟု PRDF ၏ တာဝန်ရှိသူက ပြောသည်။

ထို တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးမျှ ကျဆုံးထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ပုလောနယ်အတွင်း ထိုးစစ်ဆင်မှုကို ပုလောမြို့နယ်အခြေစိုက်ခြေလျင်တပ်ရင်း (၂၈၅) အသုံးပြုခဲ့ပြီး ၎င်းအောက်ခံ ပျူစောထီအဖွဲ့ဝင်အချို့လည်းပါရှိသည်ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

KNU ထိန်းချုပ်ရာ နယ်မြေတစ်ခုဖြစ်သော ပုလောဒေသတွင် စစ်ကောင်စီက စက်တင်ဘာနှင့် အောက်တိုဘာအတွင်း နှစ်ကြိမ်ထိုးစစ်ဆင်ခဲ့ပြီး အထိအခိုက်အသေအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်တွင် ပုလောမြို့နယ် မိကျောင်းသိုက် ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ထံမှ လက်နက်ရှစ်လက် နှင့် ပျူစောထီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းမိသိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။