Connect with us

Hi, what are you looking for?

News

မုံရွာမြို့အဝင်မုခ်ဦးတွင် တပ်စွဲထား​သောစစ်​ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ

“မနေ့ညက ​ပေါက်ကွဲသံတွေ ပစ်ခတ်တာတွေတော့နေရာအနှံ့ကြားနေရတယ်။ ဆည်မြောင်းရုံးဘက်ကလည်း ရမ်းသမ်းပစ်တယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မုခ်ဦးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်အား ယမန်နေ့ညက နယ်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် ခုခံတိုက်ခိုက်ခဲ့ကြောင်းအဆိုပါအဖွဲ့က အသိပေးသည်။

နိုဝင်ဘာလ ၉ ရက် ည ၈ နာရီခန့်က မုံရွာမြို့၊ တောင်ဘက် မုံရွာ-မန္တလေးလမ်း၊ မုံရွာမြို့အဝင်မုခ်ဦးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို နယ်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မုံရွာမြို့နယ် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)ကမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှု့ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့သေနတ်အချက်ရေ ၄၀ ကျော်ဖြင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများသေဆုံးထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း မုံရွာမြို့နယ် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း) က အသိပေးသည်။

စစ်ကောင်စီတပ်သားများ၏သေဆုံးထိခိုက်မှုစာရင်းကို အတိအကျမသိရှိရသေးကြောင်း ၎င်းတို့က ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက ​ပေါက်ကွဲသံတွေ ပစ်ခတ်တာတွေတော့နေရာအနှံ့ကြားနေရတယ်။ ဆည်မြောင်းရုံးဘက်ကလည်း ရမ်းသမ်းပစ်တယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများကင်းစောင့်ရာနေရာများနှင်စစ်​ကောင်စီတပ် စခန်းချရာဆည်​မြောင်းရုံးတို့ကို ​မြို့ပြ​ပျောက်ကျားအဖွဲ့များကမိုင်းခွဲ၊ပစ်ခတ်တိုက်ခိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook