Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၇ဦးကျော်ထပ်မံသေဆုံးဟု CDF ထုတ်ပြန်

အလားတူ နိုဝင်ဘာ ၉ရက်တွင်လည် မင်းတပ် -မတူပီလမ်း ၁၆ မိုင်မှ ၁၄မိုင်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးပြီး မိုင်းထိဒဏ်ရာရသူများရှိခဲ့သည်ဟု မင်းတပ် CDFက ဆိုသည်။

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၇ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

အဆိုပါ လမ်းတွင် နိုဝင်ဘာ ၃ရက်မှစ၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေရာ နိုဝင်ဘာ ၈ရက်၊ ၉ရက်နှင့် ၁၀ရက်နေ့ တိုက်ပွဲဖြစ်စဉ်များကို မင်းတပ် CDFက ယ​​နေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ရက်တွင် မင်းတပ်-မတူပီလမ်း ၁၉ မိုင် တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၀ဦးကျော် သေဆုံးကြောင်းဖော်ပြသည်။စစ်ကောင်စီတပ်၏ ယာဉ်တန်းသည် သံချပ်ကာ ၂ စီး ကို ရှေ့ထုတ်ပြီး စစ်ကားများကိုလည်း ၂ စီးဘေးချင်းယှဉ်၍ ရှေ့ဆက်တိုးလာသည်ကို တွေ့ရကြောင်း၊ မင်းတပ် CDF အနေဖြင့်လည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ သံချပ်ကာ ကားပေါ်မှ စက်လတ် ပစ်သူအပါအဝင် ၁၀ဦးကျော်သေဆုံးပြီး မိုင်းထိ၍ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း နိုဝင်ဘာ ၈ရက် တိုက်ပွဲဖြစ်စဉ်ကို ဖော်ပြသည်။

အလားတူ နိုဝင်ဘာ ၉ရက်တွင်လည် မင်းတပ် -မတူပီလမ်း ၁၆ မိုင်မှ ၁၄မိုင်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးပြီး မိုင်းထိဒဏ်ရာရသူများရှိခဲ့သည်ဟု မင်းတပ် CDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နိုဝင်ဘာ ၁၀ရက်တွင် အဆိုပါလမ်း၏ မိုင်တိုင်အမှတ် ၁၁ မိုင်ဝန်းကျင်တွင် နှစ်ဖက်ထိတွေ့မှု ဆက်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် မတူပီသို့ စစ်အင်အားသွားရောက်ပို့ဆောင်ပြီးနောက် အောက်တိုဘာလကုန်ပိုင်းတွင် မတူပီမှ မင်းတပ်တို့ ပြန်ဆင်းလာရာ CDF တပ်ဖွဲ့ဝင်များက မကြာခဏ တိုက်ခိုက်နေ၍ တစ်ပတ်ကျော်ကြာသည်အထိ မင်းတပ်သို့ မရောက်နိုင်သေးဘဲ တိုက်ပွဲ၌ အထိနာနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook