Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြို့ပင်​ကောက် စစ်​ဆေး​ရေးဂိတ်၌ ပစ်ခတ်မှုဖြစ် ဒုရဲအုပ်တစ်ဦး ဒဏ်ရာပြင်းထန်

စစ်​ကောင်စီသတင်းပေးဒလန်များ၊အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့သည် ယခုဖြစ်စဥ်အား နမှုနာယူ၍ ပြည်သူနှင့်အတူ ပူးပေါင်းရန် နောက်ဆုံးအကြိမ် ပြင်းထန်စွာသတိပေးသည်ဟု ကြို့ပင်ကောက် PDF က ပြောသည်။

ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ ကြို့ပင်ကောက်မြို့ စစ်ဆေးရေးဂိတ်၌ ယနေ့ (နိုဝင်ဘာ ၁၁ ရက်)နံနက် ၅ နာရီခန့်က တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် မောင်မောင်တိုး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ကြို့ပင်ကောက် PDF က ထုတ်ပြန်သည်။

စစ်​ကောင်စီသတင်းပေးဒလန်များ၊အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့သည် ယခုဖြစ်စဥ်အား နမှုနာယူ၍ ပြည်သူနှင့်အတူ ပူးပေါင်းရန် နောက်ဆုံးအကြိမ် ပြင်းထန်စွာသတိပေးသည်ဟု ကြို့ပင်ကောက် PDF က ပြောသည်။

“သေနတ်အတို နဲ့ဝင်ပစ်တာ။ဒုရဲအုပ် လက်မောင်းနဲ့ နံကြားကို ထိတယ်လို့သိရတယ်”ဟု ကြို့ပင်ကောက် PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၆ ရက်ကလည်း ကြို့ပင်ကောက်မြို့ ဘောလုံးကွင်းအနီးစခန်းချထားသည့် စစ်ကောင်စီတပ်သားများအား ပစ်မှတ်ထား၍ ဖောက်ခွဲမှုပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

သေဆုံးသူများမှာ ဒုရဲအုပ်ထင်အောင်ကျော်၊ နယ်ထိန်း ကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားရွာမှ ရဲမေသော်သော်မြင့် လင်မယားနှင့် အခြားရဲမေတစ်ဦးတို့ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သတင်း

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။