Connect with us

Hi, what are you looking for?

News

မုံရွာလျှပ်စစ်ရုံးတိုက်ခိုက်ခံရပြီး စစ်​​ကောင်စီတပ်သား တစ်ဦး​သေဆုံး

နိုဝင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်တစ်ဦး လုံခြုံရေးယူစဉ်မီးသတ်ရုံးလမ်းကြားတွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့ ရုံးကြီးလမ်းရှိ မြို့နယ်လျှပ်စစ်ရုံးသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း PDF- South Monywaက ထုတ်ပြန် သည်။

ယနေ့(နိုဝင်ဘာ ၁၁ ရက်)ညနေ ၅ နာရီခန့်က PDF- South Monywa၊ Monywa Heroes Group နှင့် Generation Defense Forceတို့မှ ဝင်ရောက်ပစ်ခတ်ခဲ့မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန်ပစ်ခတ်မှုပါရှိခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက် တိုက်ခိုက်မှုသည် မုံရွာတစ်မြို့နယ်လုံး မီတာစာရွက်များလိုက်လံဖြန့်ချီခြင်း၊မီတာဆောင်ရန် ပြည်သူလူထုကိုဖိအားပေးနေခြင်းတို့ကြောင့် မုံရွာမြို့ပြပျောက်ကြားအဖွဲ့များမှ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် လက်တွေ့ဆောင်ရွက်ခြင်းဟု သိရသည်။

နိုဝင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်တစ်ဦး လုံခြုံရေးယူစဉ်မီးသတ်ရုံးလမ်းကြားတွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို PDF – South Monywa၊ Monywa Eagle အဖွဲ့ နှင့် Monywa Heroes Group တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသီးသီးကြေညာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ၈ရက်ကလည်း မုံရွာမြို့ဆည်မြောင်းရုံး လုံခြုံရေးဂိတ်ကို မဟာမိတ် ပြောက်ကျားတပ်ဖွဲ့ဝင်များက မိုင်းခွဲပြီး ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီ လက်နက်ကိုင် လေးဦး သေဆုံးခဲ့ကြောင်း PDF-South Monywa တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။