Connect with us

Hi, what are you looking for?

LuduNwayOo

News

၅လကြာဖမ်းဆီးထားတဲ့အမေရိကန် သတင်းထောက် ကို စစ်ကောင်စီ ထောင်ဒဏ် ၁၁ နှစ်ချ

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ချလိုက်တာပါတယ်။

အင်းစိန်ထောင်ထဲမှာ ၅ လကျော်ကြာ ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို စစ်ကောင်စီက ဒီနေ့နိုဝင်ဘာလ ၁၂ ရက်မှာ ထောင်ဒဏ် ၁၁ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ချလိုက်တာပါတယ်။

ဒီနေ့ အမိန့်ချရာမှာ ပုဒ်မ ၅၀၅ (က) အတွက် ထောင် ၃ နှစ် ၊ ပုဒ်မ ၁၇(၁) အတွက် ထောင် ၃ နှစ်နဲ့ လဝက ဥပဒေပုဒ်မ ၁၃ (၁) အတွက် ထောင် ၅ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချလိုက်တာ လို့ Frontier Myanmar သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒန်နီဖန်စတာဟာရန်ကုန်အခြေစိုက် သတင်းမီဒီယာ Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မေလ အတွင်း အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မှာရှိတဲ့ မိသားစုဆီပြန်ဖို့အတွက် ရန်ကုန်လေဆိပ်မှာ ရောက်ရှိချိန် စစ်ကောင်စီ က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။