Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း နတ္တလင်းမြို့နယ်အတွင်း ပျူ​စောထီး၊ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ငါးဦးကို ရှင်းလင်း

အဆိုပါ ရှင်းလင်းခံရသူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနက် ကိုမင်းနှင့်ကိုမျိုးတို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း သေဆုံးခြင်းရှိ၊မရှိကိုမှု အတည်မပြုနိုင်သေးဟု NTLA PDF ထုတ်ပြန်ချက်က ဆိုသည်။

(နတ္တလင်းမြို့​ဒေသခံများ စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် ​ပြီးခဲ့သည့်ဖေ​ဖော်ဝါရီက ချီတက်ဆန္ဒပြ​နေစဥ်)

–သုံးဦးသေနှစ်ဦး ဒဏ်ရာပြင်းထန်

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ်တွင် ပျူစောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ငါးဦးကို ယမန်နေ့ (နိုဝင်ဘာ ၁၁)ညပိုင်းက သုတ်သင်ရှင်းလင်းခဲ့ကြောင်း Phoenix – DF(NTLA PDF)က ထုတ်ပြန်သည်။

သုတ်သင်ရှင်းလင်းမှုဖြစ်စဉ်များတွင် စမ်းကြီးရွာအုပ်ချုပ်ရေးမှူး ဆန်းဝင်း၊ ရေကြည်ရွာ ဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သော ကိုသောင်း၊ ကိုမင်းနှင့် ဇော်လေးအပါအဝင် ကိုမျိုး(တာကလော)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ရှင်းလင်းခံရသူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနက် ကိုမင်းနှင့်ကိုမျိုးတို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း သေဆုံးခြင်းရှိ၊မရှိကိုမှု အတည်မပြုနိုင်သေးဟု NTLA PDF ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

သုတ်သင်ရှင်လင်းရာတွင်ပါဝင်သူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စစ်ကောင်စီစစ်ကြောင်းများလာရောက်ချိန် ဧည့်ခံခြင်း ပြည်သူများပုန်းခိုသည့်နေရာများ ပြသခြင်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း NTLA PDF က ထောက်ပြသည်။

ထို့ကြောင့် နတ္တလင်းမြို့နယ်အတွင်းမှ ကျန်ရှိနေသည့် ပျူစောထီး ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် အချိန်မီရပ်တန်းကရပ်ကာ နှုတ်ထွက်ကြရန် NTLA PDF က ပြင်းထန်စွာ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ကျောက်တံခါးမြို့နယ် စစ်ကောင်စီ၏ နတ်သံကွင်းကာကင်းစခန်းမှ ပြည်သူ့စစ် တပ်သားသစ် တဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပဲခူးခရိုင် တပ်ရင်း(၂)က စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်သည်။