Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း နတ္တလင်းမြို့နယ်အတွင်း ပျူ​စောထီး၊ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ငါးဦးကို ရှင်းလင်း

အဆိုပါ ရှင်းလင်းခံရသူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနက် ကိုမင်းနှင့်ကိုမျိုးတို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း သေဆုံးခြင်းရှိ၊မရှိကိုမှု အတည်မပြုနိုင်သေးဟု NTLA PDF ထုတ်ပြန်ချက်က ဆိုသည်။

(နတ္တလင်းမြို့​ဒေသခံများ စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် ​ပြီးခဲ့သည့်ဖေ​ဖော်ဝါရီက ချီတက်ဆန္ဒပြ​နေစဥ်)

–သုံးဦးသေနှစ်ဦး ဒဏ်ရာပြင်းထန်

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ်တွင် ပျူစောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ငါးဦးကို ယမန်နေ့ (နိုဝင်ဘာ ၁၁)ညပိုင်းက သုတ်သင်ရှင်းလင်းခဲ့ကြောင်း Phoenix – DF(NTLA PDF)က ထုတ်ပြန်သည်။

သုတ်သင်ရှင်းလင်းမှုဖြစ်စဉ်များတွင် စမ်းကြီးရွာအုပ်ချုပ်ရေးမှူး ဆန်းဝင်း၊ ရေကြည်ရွာ ဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သော ကိုသောင်း၊ ကိုမင်းနှင့် ဇော်လေးအပါအဝင် ကိုမျိုး(တာကလော)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ရှင်းလင်းခံရသူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနက် ကိုမင်းနှင့်ကိုမျိုးတို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း သေဆုံးခြင်းရှိ၊မရှိကိုမှု အတည်မပြုနိုင်သေးဟု NTLA PDF ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

သုတ်သင်ရှင်လင်းရာတွင်ပါဝင်သူ ပျူ​စောထီး၊ ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စစ်ကောင်စီစစ်ကြောင်းများလာရောက်ချိန် ဧည့်ခံခြင်း ပြည်သူများပုန်းခိုသည့်နေရာများ ပြသခြင်း အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း NTLA PDF က ထောက်ပြသည်။

ထို့ကြောင့် နတ္တလင်းမြို့နယ်အတွင်းမှ ကျန်ရှိနေသည့် ပျူစောထီး ဒလန်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် အချိန်မီရပ်တန်းကရပ်ကာ နှုတ်ထွက်ကြရန် NTLA PDF က ပြင်းထန်စွာ သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။