Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ဧရာဝတီ နဲ့ ပဲခူးအစပ်ကို စစ်တပ်ဗုံးကြဲခုခံနေ

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

(​ရေကြည်မြို့နယ်ရှိ အ​မြောက်တပ်(၃၄၄)ကိုGoogle Earthမှာ​တွေ့ရပုံ)

​မေ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

မေလ ၂၃ရက်ညနေကနေ ဒီနေ့ (မေလ ၂၄)မနက်ပိုင်းအထိ ဧရာဝတီတိုင်းထဲကို စစ်တပ်ရဲ့ဗုံးကြဲလေယာဉ်တွေ မကြာခဏဖြတ်ပြီး အမြောက်တပ်(၃၄၄) နဲ့ အုတ်ဖိုမြို့နယ်ထဲကို ဗုံးကြဲနေတာပါ။

ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တပ်တွေက မေလဆန်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ရခိုင်ပြည်နယ်၊ဂွမြို့နဲ့ဆက်စပ်နေပြီး ဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့အမြောက်တပ် အမတ(၃၄၄)ကို မေလ ၉ရက်ကစပြီး AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတိုက်ခိုက်နေတာပါ။

Public Service Announcement

Public Service Announcement

မေလ ၁၅ရက်နေ့မှာ​တော့ အမတ(၃၄၄)ကို AAနဲ့မဟာမိတ်တွေက ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားပါတယ်။အဲ့ဒီနောက်ပိုင်း တိုက်ပွဲတွေဆက်ဖြစ်ပြီး မေလ ၁၈ ရက်နဲ့ မေလ ၁၉ရက်မှာ ဂျက်ဖိုက်တာတွေ၊ Y12လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို မေလ ၂၃ရက်မှာလည်း ဗုံးထပ်ကြဒနေတာပါ။

ရေကြည်မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေမကြာခဏဖြတ်ပျံနေပါတယ်။

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲက စစ်တပ်စခန်းအချို့ကိုလည်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကမေလ ၂၂ရက်ကစတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ဒေသခံတွေ စစ်ရေးသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သတိပေးထားသလို စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေကလည်း ဗုံးကြဲဖို့ လှုံ့ဆော်နေပါတယ်။

မေလ ၂၃ ရက်မှာ အုတ်ဖိုမြို့ အရှေ့ခြမ်း သရက်နှစ်ဖျားလိမ်ရွာကို စစ်တပ်ကဗုံး ခြောက်လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ညပိုင်းမှာလည်း ဗုံးထပ်ကြဲလို့ ဒေသခံတွေ တမ်းရှောင်နေကြရပါတယ်။ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဟာ ဧရာဝတီမြစ်ခြားပြီးတည်ရှိနေပြီးစစ်တပ်ကပုသိမ်လေတပ်၊ မှော်ဘီလေတပ်နဲ့ မကွေးလေတပ်တွေကို အသုံးပြီးပြီး ဗုံးကြဲနေတာဖြစ်ပါတယ်။ လက်ရှိစစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကမြို့နယ်တွေကိုလည်းစစ်တပ်အထိနာနေပြီးလေကြောင်းကနေဗုံးကြဲနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။