Connect with us

Hi, what are you looking for?

News

ရွှေပြည်သာမြို့နယ်ရှိ စစ်​ကောင်စီခန့်ရာအိမ်မှူး​သေနတ်ဖြင့်ပစ်ခံရ၍​သေဆုံး

ယ​နေ့(နိုဝင်ဘာ ၁၃ ရက်)နံနက် ၈ နာရီအချိန်ခန့်ကရွှေပြည်သာမြို့နယ် အမှတ် ၁၁ရပ်ကွက် ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန်ကို နေအိမ် အပြင်၌ ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

People's Spring
People's Spring

ရွှေပြည်သာမြို့နယ်ရှိအာဏာသိမ်းစစ်​ကောင်စီခန့်ရာအိမ်မှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းဒေသခံများထံမှ
သိရသည်။

ယ​နေ့(နိုဝင်ဘာ ၁၃ ရက်)နံနက် ၈ နာရီအချိန်ခန့်က
ရွှေပြည်သာမြို့နယ် အမှတ် ၁၁ရပ်ကွက် ရာအိမ်မှုး စိန်မြင့်(ခ)ဗိုလ်စိန်ကို နေအိမ် အပြင်၌ ရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ရာအိမ်မှုးသည် ရပ်ကွက်အတွင်း ဒလန်ဟု အများကသတ်မှတ်ထားကာ စစ်ကောင်စီတပ်သားများနှင့် တွဲသွားတွဲလာရှိကြောင်း ဒေသခံအချို့က ​ပြောသည်။

အောက်တိုဘာ လအတွင်းကလည်း ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ရွှေပြည်သာမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ အစွယ်အပွားများကို အမြန်ဆုံးနှုတ်ထွက်ရန် စက်တင်ဘာ လကတည်းက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။