Connect with us

Hi, what are you looking for?

News

နဘားမီးရထားရဲတပ်ဖွဲ့ကို အင်း​တော်PDF ဝင်​ရောက်စီးနင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

“ဓမ္မနည်းနဲ့ရယူနိုင်ခဲ့ပါတယ်။မုန့်ဟင်းခါးတော့ မချက်ခဲ့ကြောင်း”ဟု အင်းတော် PDF ပျောက်ကြားတပ်ဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုလက်​တွေ့ လေ့ကျင့်ခန်းအဖြစ် အင်းတော်မြို့နယ် နဘားကျေးရွာရှိ မီးရထားရဲတပ်ဖွဲ့အား လျှပ်တပြက် ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့သည်ဟု အင်းတော်မြို့နယ် တော်လှန် ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီခန့်က အင်းတော် PDF အထူးပျောက်ကြားတပ်ဖွဲ့က မီးရထားရဲစခန်းတစ်ခုကိုဝင်းရောက်စီးနင်းခဲ့ပြီးနောက် တွဲဗို့၁လက် ၊တွဲဗို့ကျည်၃၀ ၊ခြောက်လုံးပြူးကျည်၁၀၊ G2ကျည်၂စက်၊ ကလေးကျည်၅၊ လက်တော့ တစ်လုံးနှင့် ကျည်သေတ္တာ တစ်ခုကို သိမ်းဆည်းရရှိခဲ့သည်။

“ဓမ္မနည်းနဲ့ရယူနိုင်ခဲ့ပါတယ်။မုန့်ဟင်းခါးတော့ မချက်ခဲ့ကြောင်း”ဟု အင်းတော် PDF ပျောက်ကြားတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင်စခန်းရှိ စာရွက်စာတမ်းများ ဆိုင်ကယ်( ၂ )စီး နှင့် လက်နက်( ၂ ) လက်အားသိမ်းယူ၍ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။