Connect with us

Hi, what are you looking for?

News

မတူပီ-မင်းတပ်လမ်းကိုးရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၇၀ခန့် သေ၊ CDFမှ၁ဦးကျဆုံးပြီး ၄ဦးဒဏ်ရာရဟုထုတ်ပြန်

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDFက နိုဝင်ဘာ ၂ ရက်နေ့၌ စတင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး စစ်ကောင်စီတပ်၏ စက်ယန္တရားတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

ချင်းပြည်နယ် မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့်စစ်ကောင်စီတပ်ယာဉ်တန်းရှည်ကို မင်းတပ် ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)က နိုဝင်ဘာ ၂ရက်မှ ၁၀ရက်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း CDFက သတင်းထုတ်ပြန်သည်။

“အနော်ရထာစစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင်လာသော သံချပ်ကာ ၂ စီး ပါဝင်သည့် စစ်ကားအစီး ၈၀ ကျော်ပါစစ်ကောင်စီတပ်ယာဉ်တန်းသည် အောက်တိုဘာလအတွင်းက မင်းတပ်မှ မတူပီသို့ တက် သွားပြီး အောက်တိုဘာ ၃၁ရက်မှစ၍ မင်းတပ်သို့ ယာဉ် အစီးရေ ၇၅စီးဖြင့် ပြန်လည်ဆင်းလာ ခြင်းဖြစ် ကြောင်း၊ ထိုသို့ ပြန်လာရာတွင် အသွားခရီးစဉ်ကဲ့သို့ အနှောက်အယှက် ကြီးကြီးမားမား မရှိနိုင်ဟု စစ်ကောင်စီတပ်က ထင်မှတ်ထားပုံရကြောင်း မင်းတပ် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မင်းတပ် CDFက နိုဝင်ဘာ ၂ ရက်နေ့၌ စတင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး စစ်ကောင်စီတပ်၏ စက်ယန္တရားတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာ ၃ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ဦးခန့် သေဆုံးခဲ့ပြီး CDFမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ရာ အသက် ၇၃ နှစ်အရွယ်ရှိ အငြိမ်းစား ပညာရေးဝန်ထမ်း ရဲဘော်မှ ကျဆုံးခဲ့ကြောင်း၊ ညနေပိုင်း စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၄ရက်တွင် တိုက်ပွဲ ၂နေရာ ဖြစ်ပွားခဲ့ရာပဒေသာမိုင်းကြောင့် စစ်ကောင်စီတပ် ၅ဦးသေဆုံးခဲ့ကြောင်း၊ နေ့လည်ပိုင်း၌ မင်းတပ် – မတူပီလမ်းမိုင်တိုင် ၄၃ တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ယာဉ်တန်း ကို CDFက ရှေ့နောက် ညှပ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ဦးခန့် သေဆုံးကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခြင်းမှာ စစ်ကောင်စီတပ်၏ နောက်ဆုံးယာဉ်ဘေး၌ စစ်ကောင်စီတပ်များ အကာအကွယ်ယူနေစဉ် ကားဆရာက မောင်းပြေးသဖြင့် စစ်ကောင်စီတပ်သားများ အကာအကွယ်မဲ့ပြီး သေဆုံးမှုများခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

နိုဝင်ဘာ ၅ရက်တွင် မိုင်တိုင် ၃၆ ၌ တိုက်ပွဲဖြစ်ခဲ့ရာယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကို မသိရဟု ဆိုသည်။ နိုဝင်ဘာ ၆ရက်တွင် မိုင်တိုင် ၃၁ ဝန်းကျင်၌ တိုက်ပွဲ ဆက်ဖြစ်ရာ ဒေသခံရွာသားများနှင့် မင်းတပ် CDF တို့ ပူးပေါင်း၍အနီးကပ်
ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် စကစတပ်များက မတူပီသို့ သွားသည့် ခရီးတွင် ဒေသခံများ၏ နွားနောက်များ သတ်စားခြင်း၊ အိုးအိမ်ပစ္စည်းအမျိုးမျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာသားများက တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နိုဝင်ဘာ ၇ရက်တွင် မိုင်တိုင် ၂၆ ဝန်းကျင်၌ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ဦးခန့် သေဆုံးခဲ့ပြီး CDF ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် မိုင်တိုင် ၂၃ ရှိ အေးသာယာရွာတွင် ညအိပ်ခဲ့ပြီး မနက်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ နိုဝင်ဘာ ၈ရက်တွင် မိုင်တိုင် ၁၉ ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၉ရက်တွင် မိုင်တိုင် ၁၆ ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသူများလည်းရှိပြီး မိုင်တိုင် ၁၄မိုင်အထိ နောက်မှ လိုက်လံတိုက်ခိုက်ရာ စစ် ကောင် စီတပ်ဖွဲ့ဝင် ၂ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများလည်း များပြားကြောင်း CDFက ဆိုသည်။

နိုဝင်ဘာ ၁၀ရက်တွင် မိုင်တိုင် ၁၁ ဝန်းကျင်၌ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများနိုင်သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးတွင် မင်းတပ် CDFနှင့် စစ်ကောင်စီတပ်၏ ယာဉ်တန်းရှည်အကြား ထိတွေ့တိုက်ပွဲ ၁၂ကြိမ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၇၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု CDFက ခန့်မှန်းထားသည်။ တိုက်ပွဲများအတွင်း CDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

(CDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CDF)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။