Connect with us

Hi, what are you looking for?

News

NUCC၏ ပထမဆုံးသတင်းစာ ရှင်းလင်းပွဲ နိုဝင်ဘာ ၁၆ရက်တွင် ပြုလုပ်မည်

NUCCသည် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ နွေဦးတော်လှန်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့တွင် နိုင်ငံရေးအရ ဦးဆောင်မှု ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၆ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်​ကော်မတီများ အပါအဝင်
စစ်အာဏာရှင်ဖြုတ်ချ​ရေး ကြိုးပမ်းဆောင်ရွက်နေသည့် အင်အားစုများဖြင့် စုဖွဲ့ထားသည့် NUCC အနေဖြင့် အနာဂတ်တွင် ဖယ်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေးဆိုင်ရာ အရေးကြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အများပြည်သူသို့ အသိပေးသွားမည်ဖြစ်သည်ဟုသိ့ရသည်။

သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ဒေါက်တာတေဇာဆန်း၊KNU မှ ဖဒို​စော​တော်နီ၊ချင်းပြည်နယ်ကိုယ်စားပြုICNCC မှ ​ဒေါက်တာလျံမှုန်း
ဆာ​ခေါင်း၊ကရင်နီပြည်ကိုယ်စားပြု KSCCမှဦး​အောင်ဆန်းမြင့် ၊ မြန်မာအလုပ်သမားမိတ်ဖက်အဖွဲ့မှ ဦးနန္ဒစစ်​အောင်၊မုံရွာလူထုသပိတ်တိုက်ပွဲဦး​ဆောင်​ကော်မတီမှဦးခန့်​ဝေဖြိုး၊
အမျိုးသမီးအရပ်ဘက်အဖွဲ့ဖြစ်​သော WLB မှ ​​လွေးပိုးငယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဦးလွင်ကိုလတ်၊ အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူ တို့ ပါဝင်တက်ရောက် ရှင်းလင်းမည်ဖြစ်သည်။

NUCCသည် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ နွေဦးတော်လှန်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့တွင် နိုင်ငံရေးအရ ဦးဆောင်မှု ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။