Connect with us

Hi, what are you looking for?

News

သရုပ်​ဆောင်ယဥ်လတ်​နေအိမ် ဗုံး​ပေါက်၊ ဒလန်တစ်ဦးလည်း အသတ်ခံရ

“မနက်က သူ့အိမ် ဗုံးပေါက်တဲ့ အသံကြားလိုက်တယ်။ လူတော့ မထိဘူးလို့ပြောတယ်။ အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရသေးတယ်။ သူတို့တွေဖြစ်တော့ ရပ်ကွက်ထဲက လူတွကပျော်နေတာပေါ့။ ရပ်ကွက်ထဲမှာ စစ်တပ်ပေါင်းပြီးလူတွေကို နှိမ့်စက်ခြိမ်းခြောက်နေကြတဲ့သူတွေ”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် ရုပ်သံမီဒီယာတွင် ပန်ချင်ဘူးကွယ် ပန်းနီနီ သီချင်းသီဆိုခဲ့သည့် သရုပ်ဆောင်ယဉ်လတ် ​နေအိမ်ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အခင်းဖြစ်ရပ်ကွက်နေပြည်သူများက ​ပြောသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိမင်းသမီးယဉ်လတ်နေအိမ် ယနေ့ (နိုဝင်ဘာ၁၅) နံနက်ပိုင်းက ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေထိုင်သူများက ပြောသည်။

ယ​​နေ့နံနက်ပိုင်းတွင် ကျိုက္ကဆံရပ်ကွက် ပတ္တမြားလမ်းရှိ စစ်တပ်သတင်းပေးသူဟု နာမည်ကြီးနေသည့် မျိုးသော်အောင်လည်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက်တွင် မင်းသမီးယဉ်လက်အိမ် ဗုံး​ပေါက်ကွဲခံရခြင်းဖြစ်သည်၊

သရုပ်ဆောင်ယဥ်လတ်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်စစ်ရုံးချုပ်ရှိရာ ကုန်းမြင့်သာ၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနုပညာရှင်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူဖြစ်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင်၏ ဝါဒဖြန့်ရုပ်သံမီဒီယာတွင် မြူးကြွလှပ ရောင်စုံည အစီအစဉ်တွင်လည်း သီချင်းသီဆိုခဲ့သူဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို သံစဉ်အလိုက် မှန်ကန်အောင် မဆိုနိုင်၍ လူထုကြား ​ဝေဖန်ခံ​နေရသူလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မနက်က သူ့အိမ် ဗုံးပေါက်တဲ့ အသံကြားလိုက်တယ်။ လူတော့ မထိဘူးလို့ပြောတယ်။ အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရသေးတယ်။ သူတို့တွေဖြစ်တော့ ရပ်ကွက်ထဲက လူတွကပျော်နေတာပေါ့။ ရပ်ကွက်ထဲမှာ စစ်တပ်ပေါင်းပြီးလူတွေကို နှိမ့်စက်ခြိမ်းခြောက်နေကြတဲ့သူတွေ”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုများအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျိုက္ကစံရပ်ကွက်ရှိ ပုလဲလမ်းနှင့် ပတ္တမြားလမ်းတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းအပြီးမှာ လူအများစုဟာ ဘုံရန်သူကိုအတူရင်ဆိုင်သွားကြပေမယ့် လူ့အဖွဲ့အစည်းမှာတော့ မတူညီတဲ့အကျိုးစီးပွားတွေရှိနေကြတုန်းပါ။