Connect with us

Hi, what are you looking for?

LuduNwayOo

News

သရုပ်​ဆောင်ယဥ်လတ်​နေအိမ် ဗုံး​ပေါက်၊ ဒလန်တစ်ဦးလည်း အသတ်ခံရ

“မနက်က သူ့အိမ် ဗုံးပေါက်တဲ့ အသံကြားလိုက်တယ်။ လူတော့ မထိဘူးလို့ပြောတယ်။ အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရသေးတယ်။ သူတို့တွေဖြစ်တော့ ရပ်ကွက်ထဲက လူတွကပျော်နေတာပေါ့။ ရပ်ကွက်ထဲမှာ စစ်တပ်ပေါင်းပြီးလူတွေကို နှိမ့်စက်ခြိမ်းခြောက်နေကြတဲ့သူတွေ”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် ရုပ်သံမီဒီယာတွင် ပန်ချင်ဘူးကွယ် ပန်းနီနီ သီချင်းသီဆိုခဲ့သည့် သရုပ်ဆောင်ယဉ်လတ် ​နေအိမ်ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အခင်းဖြစ်ရပ်ကွက်နေပြည်သူများက ​ပြောသည်။

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိမင်းသမီးယဉ်လတ်နေအိမ် ယနေ့ (နိုဝင်ဘာ၁၅) နံနက်ပိုင်းက ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေထိုင်သူများက ပြောသည်။

ယ​​နေ့နံနက်ပိုင်းတွင် ကျိုက္ကဆံရပ်ကွက် ပတ္တမြားလမ်းရှိ စစ်တပ်သတင်းပေးသူဟု နာမည်ကြီးနေသည့် မျိုးသော်အောင်လည်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက်တွင် မင်းသမီးယဉ်လက်အိမ် ဗုံး​ပေါက်ကွဲခံရခြင်းဖြစ်သည်၊

သရုပ်ဆောင်ယဥ်လတ်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်စစ်ရုံးချုပ်ရှိရာ ကုန်းမြင့်သာ၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနုပညာရှင်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူဖြစ်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင်၏ ဝါဒဖြန့်ရုပ်သံမီဒီယာတွင် မြူးကြွလှပ ရောင်စုံည အစီအစဉ်တွင်လည်း သီချင်းသီဆိုခဲ့သူဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို သံစဉ်အလိုက် မှန်ကန်အောင် မဆိုနိုင်၍ လူထုကြား ​ဝေဖန်ခံ​နေရသူလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မနက်က သူ့အိမ် ဗုံးပေါက်တဲ့ အသံကြားလိုက်တယ်။ လူတော့ မထိဘူးလို့ပြောတယ်။ အဲဒီအရှေ့မှာ ဒလန်တစ်ယောက်လည်း ပစ်သတ်ခံရသေးတယ်။ သူတို့တွေဖြစ်တော့ ရပ်ကွက်ထဲက လူတွကပျော်နေတာပေါ့။ ရပ်ကွက်ထဲမှာ စစ်တပ်ပေါင်းပြီးလူတွေကို နှိမ့်စက်ခြိမ်းခြောက်နေကြတဲ့သူတွေ”ဟု အခင်းဖြစ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုများအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျိုက္ကစံရပ်ကွက်ရှိ ပုလဲလမ်းနှင့် ပတ္တမြားလမ်းတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

သတင်း

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။