Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးမြို့နယ်တွင် ​ကျောက်စိမ်းများသယ်လာ​သောကားအပါအဝင် စစ်​ကောင်စီယာဥ်တန်းကိုတိုက်ခိုက်

“ကားတွေက ကျောက်စိမ်းတွေတင်လာတဲ့ကားလည်းပါပါတယ်။ အဖွဲ့တွေပေါင်းပြီးတိုက်ကြတာပါ။ သုံးနေရာခွဲပြီး မိုင်းဆွဲခဲ့တာပါ။”ဟု မုံရွာ UG Group အဖွဲ့က တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကျောက်စိမ်းများတင်ဆောင်လာသော ယာဥ်အပါအဝင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်ကြောင်းဒေသခံများကပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲ ၁း၁၅ ဝန်းကျင်က ယင်းမာပင်မြို့နယ်ဘက်မှဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဘက်သို့ဆင်းလာသော စစ်ကားခြောက်စီးထက်မနည်းပါဝင်သည့် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်း၅၀ကျော်ဖြင့် Monywa UG Groupနှင့်Triple Twoအဖွဲ့အပါအဝင်မဟာမိတ်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကသတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကားလေးစီးပျက်စီးပြီး စစ်ကောင်စီတပ်သားအထိခိုက်အကျဆုံးများသည်ဟု ​ဖော်ပြထားသည်။

“ကားတွေက ကျောက်စိမ်းတွေတင်လာတဲ့ကားလည်းပါပါတယ်။ အဖွဲ့တွေပေါင်းပြီးတိုက်ကြတာပါ။ သုံးနေရာခွဲပြီး မိုင်းဆွဲခဲ့တာပါ။”ဟု မုံရွာ UG Group အဖွဲ့က တာဝန်ရှိသူက ပြောသည်။

မဟာမိတ်အဖွဲ့ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် နိုဝင်ဘာလ ၉ ရက်နေ့က ညောင်ပင်ကြီးယင်းမာပင်လမ်း ဖိုလ်ဝင်တောင်လမ်းခွဲအနီးတိုက်ပွဲမှ သွေးကြွေးကိုတောင်းယူခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် One Star Task Force အဖွဲ့ကလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။