Connect with us

Hi, what are you looking for?

News

က​လေးPDFက ဖမ်းဆီးခံထားရသူများကိုပြန်လည်ကယ်တင်နိုင်ရန် စစ်​ကောင်စီတပ်လမ်း​ကြောင်းကိုပိတ်ဆို့ထားပြီး တိုက်ပွဲပြင်ထန်း​နေ

ဖမ်းဆီးခံရသူများ ပြန်ကယ်ထုတ်နိုင်ရေးအတွက်စစ်ကောင်စီလမ်းကြောင်းကို Kalay PDFနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ပိတ်ဆို့ထားပြီး ယနေ့ (နိုဝင်ဘာ၁၇) မွန်းလွှဲ တစ်နာရီ ခွဲခန့်အထိ တိုက်ပွဲဖြစ်နေ​​ကြောင်းဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသောက​လေးပြည်သူ့ကာကွယ်​ရေးအဖွဲ့ (PDF-က​လေး)မှတပ်ဖွဲ့ဝင်များ ပြန်လည် လွတ်​မြောက်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်၏ လမ်းကြောင်းကို က​လေး PDFနှင့် CDFက ပိတ်ဆို့ထားပြီးယ​နေ့တွင်လည်းတိုက်ပွဲအပြင်းအထန်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့နယ်တွင် ယမန်နေ့က PDF Kalay တပ်ရင်း ၃ တပ်ခွဲ တစ်ခုကို အကြမ်းဖက် စစ်ကောင်စီက ယမန်နေ့က ဝင်စီးနင်းကာ ဆေးတပ်သား အမျိုးသမီး ၈ ဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများ ပြန်ကယ်ထုတ်နိုင်ရေးအတွက်စစ်ကောင်စီလမ်းကြောင်းကို Kalay PDFနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ပိတ်ဆို့ထားပြီး ယနေ့ (နိုဝင်ဘာ၁၇) မွန်းလွှဲ တစ်နာရီ ခွဲခန့်အထိ တိုက်ပွဲဖြစ်နေ​​ကြောင်းဒေသခံတစ်ဦးက ပြောသည်။

” PDF Kalay နဲ့ CNDF တပ်တွေက ဖမ်းဆီးခံရတဲ့ရဲဘော်တွေပြန်လွတ်ပေးပါက လမ်းဖွင့်ပေးမယ်လို့ လော်စပီကာနဲ့ ပြောပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြန်မလွတ်ပေးလို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းဖြစ်တယ်”ဟု ​​ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အမှားများ အားနည်းချက်များကို သင်ခန်းစာယူမည်။ ဆုံးရှုံးမှုများအတွက် နှစ်ဆပြန်လည်ရယူမည်။တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများ လုံခြုံရေး သတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ယနေ့ နေ့ခင်းပိုင်းတွင် က​လေးPDFက အသိ​ပေးထားသည်။

က​လေးမြို့အ​နောက်​တောင်ပိုင်း နယ်​မြေ​နေရာတစ်ခုရှိ တပ်ဖွဲ့ဝင် ၂၀​ကျော် စခန်းချ​နေထိုင်သည့် က​လေး PDF တပ်ရင်း(၃)​​အောက်မှ တပ်ခွဲစခန်းတစ်ခုကို နိုဝင်ဘာ ၁၆ ရက်က အကြမ်းဖက်စစ်​ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သိမ်းပိုက်ရာ အဆိုပါစခန်းရှိ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစု​ပေါင်း ၁၀ဦးဖမ်းဆီးခံရပြီး အများစုမှာ တပ်ရင်း(၃)မှ ​ဆေးအဖွဲ့ဝင်များဖြစ်​ကြောင်း က​လေးPDFက ယမန်​နေ့ကထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများအနက် အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက သတ်ဖြတ်လိုက်​ကြောင်း သတင်းရရှိ​သော်လည်း အတည်မပြုနိုင်​သေး​ကြောင်းလည်း က​လေး PDFက ယမန်​နေ့တွင် အသိ​ပေးထားသည်။

ထို့​ကြောင့် နိုဝင်ဘာ ၁၆ မွန်းလွဲပိုင်းကစ၍ က​လေးမြို့နယ်အ​နောက်​တောင်ပိုင်း နယ်​မြေတဝိုက်တွင် ရှား​တော၊ မြို့ကြီးကုန်း၊ မြို့လှစသည့် ​နေရာအသီးသီးမှ စစ်​ကြောင်းများခွဲထွက်လာသည့် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့် က​လေးPDF၊ CNDF၊ CDF(KKG)နှင့် ရပ်ရွာ ပ. က.ဖ အဖွဲ့များပါဝင်သည့် ပူး​ပေါင်းတပ်ဖွဲ့များမှာ ည​နေ၆နာရီခွဲအထိ တစ်​နေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ​ဖော်ပြထားသည်။ထိုအပြင် မြို့လှရပ်ကွက်ဘက်မှ စစ်ကူထွက်လာသည့်စစ်​ကြောင်းကို က​လေး PDFက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

က​လေးမြို့တွင် တိုက်ပွဲအပြင်းအထန် ​ဖြစ်နေပြီး စစ်​ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်​နေကာအင်အားမမျှဘဲ ရင်ဆိုင်နေရချိန်တိုက်ပွဲဖိအား လျော့ကျစေရေး နေရာစုံမှ ထကြွပေးရန် Kalay PDFက တောင်းဆိုထားသည်။

(အကြမ်းဖက်စစ်​ကောင်စီးတပ်၏ ဖမ်းဆီးခြင်းခံထားရ​သော က​လေးပြည်သူ့ကာကွယ်​ရေးတပ်၏ ​ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးများ)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။