Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်တွင် စစ်​ကောင်စီတပ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ​သေဆုံးမှုရှိဟု MTF9 ​ပြော

“ကင်းထောက်ရဲ့အတည်ပြုချက်အရ လေး၊ငါးဦးသေဆုံးနိုင်တယ်။လူနာတင်ယာဥ်နဲ့လာသယ်သွားတယ်”ဟု MTF9 တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံဘက်မှ တက်လာသည့် စစ်ကောင်စီတပ်ကားတစ်စီးကို ယနေ့(နိုဝင်ဘာ ၁၈ ရက်)နံနက် ၅နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဧရာအရှေ့ခြမ်းပူးပေါင်းပျောက်ကြားတပ်ဖွဲ့(MTF9)က ထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားသည် မိုင်းထိသည့် နေရာတွင်ထိုးရပ်ခဲ့ပြီး ကားပေါ်မှပါလာသူအနည်းငယ်သာလှုပ်ရှားမှုရှိသည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီ၏တပ်ကူ Faw ကားတစ်စီးရောက်ရှိလာ၍ MTF9 တပ်ဖွဲ့မှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၍ ဖော်ပြထားသည်။

“ကင်းထောက်ရဲ့အတည်ပြုချက်အရ လေး၊ငါးဦးသေဆုံးနိုင်တယ်။လူနာတင်ယာဥ်နဲ့လာသယ်သွားတယ်”ဟု MTF9 တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်၊ကသာနှင့် ကောလင်းဒေသကို စစ်ကောင်စီက နိုဝင်ဘာလဆန်းကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဒေသတွင်းရှိလမ်းများ၌ မကြာခဏ မိုင်းဆွဲခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

Facebook