Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကုတ်မှာ စစ်ကောင်စီတပ်တွေရဲ့ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးသေဆုံး

လူငယ်ဟာ ညာဘက်နံရိုးကို သေနတ်မှန်သွားတာဖြစ်ပြီး ဆေးရုံကိုရောက်ရှိချိန်မှာ သေဆုံးသွားတာလို့သိရပါတယ်။

မိုးကုတ်မှာ မနေ့ကနိုဝင်ဘာ ၁၈ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ရပါတယ်။

မနေ့က ညပိုင်းကဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာလို့ဒေသခံတွေက ဆိုကြပါတယ်။

” အခုရက်ပိုင်းမှာ စစ်တပ်ကဘက်ကကျတာများတယ် ။ လူတွေအပြင်မထွက်အောင် စကစဘက်ကပစ်နေတာ၊ သေနတ်သံကြားလို့ ကောင်လေးက ဘုရားပေါ်တက်ကြည့်လိုက်တာ “လို့ မိုးကုတ်ဒေသခံတစ်ဦးကပြောပါတယ်။

လူငယ်ဟာ ညာဘက်နံရိုးကို သေနတ်မှန်သွားတာဖြစ်ပြီး ဆေးရုံကိုရောက်ရှိချိန်မှာ သေဆုံးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးကုတ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်ကသေဆုံးသူများခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။