Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ် က​လေးတွင်အိမ်၁၀လုံးမီးရှို့ခဲ့မှုမှတ်တမ်းများသက်​သေယူထားကြရန်တိုင်းအမတ်တိုက်တွန်း

အလားတူ ကလေးမြို့အပြင် ​ဒေသချင်းထိစပ်နေသော ယောဒေသ(ဂန့်​ဂေါ်မြို့နယ်)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ လတ်တလောတွင် ဒေသတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် ယောနှင့် ကလေး ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုအား ယနေ့ထုတ်ပြန်သတိ့​ပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က က​လေးမြို့နယ်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ခဲ့သောကြောင့် နေအိမ်ဆယ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ စစ်ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းများကို သက်သေယူထားကြရန်​ဒေသခံပြည်သူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။

စစ်ကိုင်းတိုင်း​ဒေသကြီးကလေးမြို့တွင်ယမန်နေ့ (နိုဝင်ဘာလ၁၈ရက်)တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကလေးPDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦး​သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ချင်းဆိုင်ရွာမှ​ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

” အကြမ်းဖက်စကစဟာ ချင်းဆိုင်ရွာက အိမ် ၁၀ လုံးကိုမီးရှို့ခဲ့ပါတယ်။စစ်ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းတွေအဖြစ် ပြည်သူများ သက်သေရယူထားကြပါ” ဟု
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းထားသည်။ ဒေါ်သန့်ဝေကျော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားသူဖြစ်သည်။

ကလေးမြို့နယ်PDF တပ်ရင်း( ၃) တပ်ခွဲ (၃) မှ ​အမျိုးသမီးသူနာပြု ၁၀ ဦးအပါအဝင် တပ်ဖွဲ့ဝင်၁၂ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ဖမ်းဆီးထားသူများကိုကယ်တင်နိုင်ရန် က​လေးPDF ကအရှိန်မြှင့်တိုက်ခိုက်​နေကာ ၊တိုက်ပွဲများ ပြင်းထန်နေသည်။နိုဝင်ဘာ ၁၈ရက်တွင် အကူလာသည့်စစ်ကောင်စီတပ်ယာဥ်တန်းအား ချင်းဆိုင်ရွာနှင့်ဇင်းကလင်းရွာကြားတွင် က​လေးPDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်တစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်။က​လေးPDFမှဖမ်းဆီးခံထားရသူ ၁၂ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ကနှိပ်စက်သတ်​ဖြတ်ခဲ့​သော ရုပ်အ​လောင်းကို ​တွေ့ရှိရ​ကြောင်း Kalay PDFကယမန်​နေ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဖမ်းဆီးခံထားရသူ အမျိုးသမီးသူနာပြု ၉ ဦးကို စစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြု​နေသဖြင့် ​၎င်းတို့ထိ့ခိုက်မှုမဖြစ်​စေရန် ​​နေရာအချို့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက ​နောက်ဆုတ်​ပေးထားသည်။သို့​သော် အချိန်မ​ရွေးတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနိုင်​သောအ​ခြေအ​နေဖြစ်သည်။

အလားတူ ကလေးမြို့အပြင် ​ဒေသချင်းထိစပ်နေသော ယောဒေသ(ဂန့်​ဂေါ်မြို့နယ်)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ လတ်တလောတွင် ဒေသတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် ယောနှင့် ကလေး ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုအား ယနေ့ထုတ်ပြန်သတိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။