Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်၊​ ရွှေပန်းကုံးရွာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က​ဒေသခံများကိုဖမ်းပြီးလူသားဒိုင်းလုပ်

“ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်းသဘောနဲ့လုပ်နေတယ်။ အဖမ်းခံရတာ နှစ်ဆယ်လောက်ရှိတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ​ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဝက်လက်-အရာတော်လမ်းပေါ်ရှိ ၀က်လက်မြို့နယ် သမ္မရိုးကျေးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီးနောက် ပြည်သူအချို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် သမ္မရိုးရွာမှ တည်တောလမ်းဘက်ထွက်သွားခဲ့ပြီးရွှေပန်းကုံးရွာအနောက်ဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။

“ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်းသဘောနဲ့လုပ်နေတယ်။ အဖမ်းခံရတာ နှစ်ဆယ်လောက်ရှိတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာများသည် အရာတော်နယ်နှင့်ထိစပ်နေသည်။ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က အရာတော်အရှေ့နယ်မှ ဒုံဒစ်ကျေးရွာနှင့် ပေါက်ပင်ဆိပ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပျူစောထီး(ပြည်သူ့စစ်)များ၏ ခြေလျင်စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က တပ်ဖွဲ့ ၃ ဖွဲ့ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၁၀)ဦးခန့် ဒဏ်ရာပြင်းထန်နိုင်ကြောင်းARAက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။