Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို ကလေးဝ PDF က မိုင်းခွဲတိုက်ခိုက်

“စစ်ကား ၆စီးရံပြီး မောင်းလာတာ။ ကျတော်တို့ ပ​ဒေသာမိုင်းဆင်ပြီး ဆွဲတာ။ မိုင်းကွဲ​​ပေမယ့် အားလုံးတော့ မကွဲဘူး”ဟု ၎င်းက ပြောသည်။

(အာဏာသိမ်းစစ်​ကောင်စီ၏စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်​ကျော်)

အကြမ်းဖက်စစ်ကောင်စီမှစစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်​ကျော်၏ယာဉ်တန်းကို ကလေးဝ-တန့်ဆည်-ရေဦးလမ်းတွင် ကလေးဝ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ကလေးဝ-တန့်ဆည်-ရေဦးလမ်းမှကလေးဝမြို့နှင့် ခြောက်မိုင်ခန့်ဝေးသော ယုဇနကျေးရွာအနီးတွင် ယနေ့(နိုဝင်ဘာ၁စရက်) နံနက် ၁၀နာရီ ၃၇မိနစ်က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးဝ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကား ၆စီးရံပြီး မောင်းလာတာ။ ကျတော်တို့ ပ​ဒေသာမိုင်းဆင်ပြီး ဆွဲတာ။ မိုင်းကွဲ​​ပေမယ့် အားလုံးတော့ မကွဲဘူး”ဟု ၎င်းက ပြောသည်။

“ကွဲကွဲချင်း စက်သေနတ်နဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးနဲ့ ပြန်ထုလို့ ဆုတ်ခဲ့လိုက်တယ်။ ထိခိုက်မှုတော့ မသိသေးဘူး”ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးဝတွင် ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်နေချိန် ယောဒေသ ဆောမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

ဆောနယ်မှာ စစ်​ကောင်စီတပ်က Mi35ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်နေသည်ဟု ယနေ့( နိုဝင်ဘာ ၁၉ရက်) နေ့လယ် ၁နာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်​ရေး တပ်ဖွဲ့​များနှင့်CDF မင်းတပ်၊ ကန်ပက်လက် ပူး​ပေါင်း တပ်ဖွဲ့​များက စစ်ကူအဖြစ် သွားရောက်တိုက်ခိုက်နေပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည်ဟု PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။