Connect with us

Hi, what are you looking for?

News

မူးမြစ်​ဘေး​ကျေးရွာများကိုစစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်း၊​ ဒေသခံ PDF များနှင့်တိုက်ပွဲဖြစ်​ပွား​နေ

သမရိုးကျေးရွာဘက်မှ စစ်ကြောင်းတစ်ခု နှင့် မြောက်ဘက်မှ စစ်ကြောင်းတစ်ခုဖြင့် ခွဲဝင်လာခြင်းဖြစ်ကာ စစ်​ကောင်စီ၏ ခြေလျင်စစ်သား အင်အား (၁၀၀)ကျော်ခန့်ရှိပြီး ယူနီဖောင်းဝတ်လက်နက်တပ်ဆင်ပေးထားသော ဒေသခံပျူစောထီးများလည်းပါဝင်ကြောင်းလည်းသိရသည်။

အရာတော် နှင့် ဝက်လက်နယ်စပ်မှ မူးမြစ်ဘေးကျေးရွာများကို အကြမ်းဖက်စစ်တပ်ကအင် အားသုံး၍ ဝင်ရောက်စီးနင်းခဲ့ပြီးဒေသခံပြည်သူ့တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား​နေကြောင်း အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု ARA မှ ဗိုလ်ပေါက်စီက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီကျော်ကအရာတော်အရှေ့နယ်နှင့် ဝက်လက်နယ်အနောက်ခြမ်းမှ မူးမြစ်အနီး ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းနှစ်ခွဲ၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

သမရိုးကျေးရွာဘက်မှ စစ်ကြောင်းတစ်ခု နှင့် မြောက်ဘက်မှ စစ်ကြောင်းတစ်ခုဖြင့် ခွဲဝင်လာခြင်းဖြစ်ကာ စစ်​ကောင်စီ၏ ခြေလျင်စစ်သား အင်အား (၁၀၀)ကျော်ခန့်ရှိပြီး ယူနီဖောင်းဝတ်လက်နက်တပ်ဆင်ပေးထားသော ဒေသခံပျူစောထီးများလည်းပါဝင်ကြောင်းလည်းသိရသည်။

“အရာတော်နဲ့ ဝက်လက်နယ်စပ်ကို တောနင်းပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို ရှာတာ။ဝက်လက်နယ်က မဟာမိတ်တပ်ဖွဲ့တချို့ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ တည်တောကိုတော့ စစ်တပ်က စီးသွားနိုင်လိုက်ပါပြီ။ ကိုယ့်ဘက်ကလည်း အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ဗိုလ်ပေါက်စီကရှင်းပြသည်။

Public Service Announcement

Public Service Announcement

တည်တောရွာရှိ အိမ်များကို အကြမ်းဖက် စစ်​ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပြီး ​ဒေသခံပြည်သူများမှာ စစ်တပ်ဝင်ရောက်လာချိန်မှစ၍ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်းအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အရာတော်-ဝက်လက်နယ်စပ် မူးမြစ်တဝိုက်ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းနေစဉ် အရာတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ကစခန်းချတပ်စွဲထားသောကျေးရွာအချို့ကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိ့ခိုက်မှုကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။