သတင်းသမားများကာကွယ်ပေးရေးကော်မတီ(CPJ)ဟာ DVB သတင်းဌာနတည်ထောင်သူ အပါအဝင် သတင်းမီဒီယာသမား ၄ ဦးကို ၂၀၂၁ ရဲ့ သတင်းလွတ်လပ်ခွင့်ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါ တယ်။
DVB သတင်းဌာနတည်ထောင်သူ ဦးအေးချမ်းနိုင်၊ ဂွာတီမာလာသတင်းသမား Anastasia Mejia နဲ့ မိုဇမ်ဘစ်သတင်းသမား Matias Guente တို့ဟာ2 CPJ ရဲ့ ၂၀၂၁ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုတွေ ရရှိခဲ့ကြပြီး ဟောင်ကောင်မီဒီယာစွန့်ဦးတီထွင်သူ Jimmy Lai က Gwen Ifill သတင်းလွတ်လပ်ခွင့်ဆုရရှိခဲ့တယ်လို့ CPJ က နိုဝင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။
CPJ ဟာ သတင်းလွတ်လပ်ခွင့်အတွက် သူတို့ရဲ့ဘ၀တွေစွန့်စားထားတဲ့သတင်းသမားတွေကို ဂုဏ်ပြုရွေးချယ်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
“အခုကျွန်တော်တို့ဂုဏ်ပြုပေးအပ်တဲ့သတင်းသမားတွေဟာ သူတို့ရဲ့အကြောင်းရင်းခံ ဖြောင့်မတ်မှုနဲ့ အသိဉာဏ်ရှိတဲ့လူ့အဖွဲ့အစည်းရဲ့စွမ်းအားကို အခိုင်အမာယုံကြည်ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ဆီသတင်းတွေသယ်ဆောင်လာဖို့အတွက် သူတို့ရဲ့ဘ၀တွေနဲ့လွတ်လပ်မှုတွေကို စွန့်လွှတ်ထားကြပါတယ်” လို့ CPJ အမှုဆောင်ဒါရိုက်တာ Joel Simon က ပြောပါတယ်။
ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာဖိနှိပ်မှုကို အထင်ရှားဆုံးပြသနေတယ်လို့ နော်ဝေအခြေစိုက် DVB သတင်းဌာနတည်ထောင်သူ ဦးအေးချမ်းနိုင်က ပြောပါတယ်။