Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူမဝေကို တရားလိုပြသက်သေအဖြစ် စစ်ကောင်စီ တင်သွင်းထား

ဒီအမှုဟာ ဦးဖြိုးမင်းသိန်းက လာဘ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဦးဖြိုးမင်းသိန်းက ရွှေချောင်းတွေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ်တင်သွင်းထားပါတယ်။

ဒီအမှုဟာ ဦးဖြိုးမင်းသိန်းက လာဘ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုမှာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာကာလရှည်စွာ နေထိုင်တဲ့အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီက တရားလိုပြသက်သေအဖြစ်တင်သွင်းထားပြီး တရားရုံးကသက်သေအဖြစ် ဆင့်ခေါ်ထားတယ်လို့သိရပါတယ်။

ခင်မင်ရင်းနှီးသူတွေက မဝေလို့ ခေါ် တဲ့ ဒေါ်ဝေဝေသန်းဟာ ၂၀၁၅ မတိုင်ခင်ကတည်းက နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူအဖြစ် လုပ်ကိုင်ပေးသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူရဲ့အမျိုးသား ကိုပုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးအပါးမှာ ကွယ်လွန်ချိန်ထိ နှစ်ပေါင်းများစွာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကိုပုရဲ့ ဈာပန ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ကိုပုနဲ့ မဝေတို့ ရဲ့ သားဖြစ်သူ မွေးဖွားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ ဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့သလို ကလေးရဲ့မွေးနေ့တွေကိုလည်း နှစ်စဉ် ပြုလုပ်ပေးခဲ့တာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။