Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူမဝေကို တရားလိုပြသက်သေအဖြစ် စစ်ကောင်စီ တင်သွင်းထား

ဒီအမှုဟာ ဦးဖြိုးမင်းသိန်းက လာဘ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဦးဖြိုးမင်းသိန်းက ရွှေချောင်းတွေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ်တင်သွင်းထားပါတယ်။

ဒီအမှုဟာ ဦးဖြိုးမင်းသိန်းက လာဘ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုမှာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာကာလရှည်စွာ နေထိုင်တဲ့အိမ်အကူ ဒေါ်ဝေဝေသန်းကို စစ်ကောင်စီက တရားလိုပြသက်သေအဖြစ်တင်သွင်းထားပြီး တရားရုံးကသက်သေအဖြစ် ဆင့်ခေါ်ထားတယ်လို့သိရပါတယ်။

ခင်မင်ရင်းနှီးသူတွေက မဝေလို့ ခေါ် တဲ့ ဒေါ်ဝေဝေသန်းဟာ ၂၀၁၅ မတိုင်ခင်ကတည်းက နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူအဖြစ် လုပ်ကိုင်ပေးသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူရဲ့အမျိုးသား ကိုပုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးအပါးမှာ ကွယ်လွန်ချိန်ထိ နှစ်ပေါင်းများစွာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကိုပုရဲ့ ဈာပန ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ကိုပုနဲ့ မဝေတို့ ရဲ့ သားဖြစ်သူ မွေးဖွားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ ဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့သလို ကလေးရဲ့မွေးနေ့တွေကိုလည်း နှစ်စဉ် ပြုလုပ်ပေးခဲ့တာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။