Connect with us

Hi, what are you looking for?

News

မိတ္ထီလာနှင့်​ ချောင်းဦးတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီး၍ဆိုကာ​ စစ်တပ်က​သေနတ်ဖြင့်လိုက်ပစ်၊ ပြည်သူတစ်ဦး​သေ

သေဆုံးသူသည် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသားတစ်ဦးဖြစ်ပြီး ၎င်း၏အလောင်းအား စစ်တပ်မှကားပေါ်တင်သွားကြောင်း ဒေသခံများက ပြောသည်။

(မိတ္ထီလာမြို့တွင် ဆိုင်ကယ်များအား စစ်ဆေးနေစဥ် ဓါတ်ပုံ- ​ပေးပို့)

မိတ္ထီလာမြို့နှင့် ချောင်းဦးမြို့များတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်းအတူစီး၍ဆိုကာ စစ်တပ်က​သေနတ်ဖြင့်လိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယမန်နေ့နိုဝင်ဘာ၂၀ ရက် မွန်းလွဲပိုင်းက ခင်မွန်ရွာဘောလုံးကွင်းအနီးတွင် ဆိုင်ကယ်တစ်စီးပေါ်၌ အမျိုးသားနှစ်ဦးစီးနင်းလာ၍ စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ခဲ့ရာ နောက်တွင်ထိုင်လိုက်လာသည့် အမျိုးသား ကျည်ဆံထိမှန်ကာသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသည် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသားတစ်ဦးဖြစ်ပြီး ၎င်း၏အလောင်းအား စစ်တပ်မှကားပေါ်တင်သွားကြောင်း ဒေသခံများက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင်လည်း ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းက ရတနာမာန်အောင်ရပ်ကွက် ၊ ရွှေပြည်စိုးဆီဆိုင်အနီး ၊ ဒိုဘီကုန်းလမ်းဆုံတွင် ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦး စီးနင်းလာ၍ အကြမ်းဖက်စစ်ကောင်စီတပ်များက တားဆီးစဥ် ကြောက်၍ထွက်ပြေးမောင်းနှင်သွားရာ ၎င်းဆိုင်ကယ်နောက်သို့ သေနတ်နှင့်ပစ်ခတ်၍ လိုက်လံဖမ်းဆီးခဲ့ကြောင်း ဒေသခံများက​ပြောသည်။ ဆိုင်ကယ်စီးနင်းသူနှစ်ဦး ကျည်ဆံထိမှန်သေဆုံးခြင်းရှိမရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဆိုင်ကယ်စီးနင်းသူများအတွက် ယမန်နေ့နိုဝင်ဘာလ ၁၉ရက်နေ့နေ့စွဲဖြင့် ဒေသန္တရအမိန့်ဟုဆိုကာ ခြိမ်းခြောက်စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်စာတွင် မန္တလေးတိုင်းအတွင်း လက်ရှိအချိန်၌ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ထမ်းဆောင်နေကြသူများကို လက်နက်ငယ်များ​ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျောင်းနှင့်ဌာနဆိုင်ရာများကို လက်လုပ်မိုင်းဖြင့်ပစ်ဖောက်ခြင်းများ ပြုလုပ်နေကြပြီး အဆိုပါလုပ်ရပ်များပြုလုပ်ရာတွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်းစီးကာ ပြုလုပ်နေကြ၍ မန္တလေးတိုင်းအတွင်း ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရန်၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦးလိုက်ပါစီးနင်းခြင်းမပြုရန်ထိန်းချုပ်ကန့်သတ်​နေသည်။

သို့​သော်အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်ဦးလည်းစီးနင်းနိုင်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။