Connect with us

Hi, what are you looking for?

News

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးဥပဒေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ဒီဇင်ဘာလ ၆ ရက်မှာအမိန့်ချမယ်

စကားပြောစက်တွေ တွေ့လို့ စစ်ကောင်စီက တရားစွဲတဲ့ အဲဒီအမှု ၂ ခု လုံးအတွက် ၂ ဖက် အပြီးသတ် လျှောက်လဲချက်ပေးမယ့်ရက်ကို လာမယ့် ဒီဇင်ဘာလ ၆ ရက်ကို ပဲတရားရုံးက ချိန်းဆိုထားပါတယ်။

ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို စွဲဆိုထားတဲ့အမှုကို တရားရုံးက လာမယ့် ဒီဇင်ဘာလ ၆ ရက်မှာအမိန့်ချမယ်လို့ သိရပါတယ်။

ဒီအမှုဟာ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ရွေးကောက်ပွဲမဲဆွယ်ကာလ NLD မဲဆွယ်ယာဉ်တန်းကို ထွက်နှုတ်ဆက်ရာမှာ ကိုဗစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က ကနဦး ဆွဲဆိုတဲ့အမှုတွေဖြစ်ပါတယ်။

ဒီနေ့တရားခွင်မှာ ဒီအမှုအတွက် နှစ်ဖက် လျှောက်လဲချက်အပြီးသတ်ပေးခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီနောက် တရားသူကြီးက စီရင်ချက် ချမယ့်နေ့ကို ဒီဇင်ဘာလ ၆ ရက်သတ်မှတ်လိုက်တာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ တရားခွင် မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ ဆွဲဆိုထားတဲ့အမှုကိုလည်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

အဲဒီအမှု ၂ ခုလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

စကားပြောစက်တွေ တွေ့လို့ စစ်ကောင်စီက တရားစွဲတဲ့ အဲဒီအမှု ၂ ခု လုံးအတွက် ၂ ဖက် အပြီးသတ် လျှောက်လဲချက်ပေးမယ့်ရက်ကို လာမယ့် ဒီဇင်ဘာလ ၆ ရက်ကို ပဲတရားရုံးက ချိန်းဆိုထားပါတယ်။

ဒီနေ့တရားခွင်မစတင်မီ ရှေ့နေအဖွဲ့ဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခဲ့ကြပြီး ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆူပူအောင်လှုံဆော်မှုနဲ့ စစ်ကောင်စီက သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုထားတဲ့အမှုကို ဒီလကုန်မှာ အမိန့်ချ ဖို့ လည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။