Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို၌ ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဟု KNDF ထုတ်ပြန်

ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် ဒေါပိုးစီ ကျေးရွာတို့တွင် နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

-လွိုင်ကော် ဘုရားကျောင်းရှိဆေးခန်းကိုစစ်ကောင်စီဝင်စီးပြီးဆရာဝန်များအပါအဝင် ၁၇ဦးကို ဖမ်းဆီး

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့(KNDF/KA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်နှင့် ဒေါပိုးစီ ကျေးရွာတို့တွင် နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တပ်အင်အား (၇၀)ကျော်ဖြင့် လွိုင်ကော်မြို့နယ် ဒေါဆန်းဘွန်းကျေးရွာဖက်မှ ဒီးမော့ဆို စံပြ(မိုင်) ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး စံပြ (၆) မိုင် ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် တပ်စွဲထားကြောင်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်စပြီး စစ်ကြောင်းထိုးနေတာ။ဒါကို ကျွန်တော်တို့ တပ်ဖွဲ့တွေအကောင်းဆုံးခုခံစစ်နဲ့ တိုက်နေတယ်။ဒဏ်ရာရသွားတဲ့ရဲဘော်လည်း စိုးရိမ်စရာမရှိအောင် ဆေးကုသပေးနေပါပြီ”ဟု ကရင်နီတပ်မတော်KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင် ဘုရားကျောင်းဝိုင်းအတွင်းရှိ ဂရုဏာဆေးခန်းကို လည်း ဝင်ရောက်စီးနင်းပြီး စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများ နှင့် သီလရှင်များ အပါအဝင် စုစုပေါင်း ၁၇ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဆေးခန်းအတွင်း ဆေးကုသမှု ခံယူနေသော လူနာများကို ပြည်သူ့ဆေးရုံသို့ အတင်းအဓမ္မ ရွေ့ပြောင်းစေခဲ့ကြောင်း၊ ကမ္ဘာကပ်ရောဂါ ဘေးနှင့် စစ်ဘေးကြုံနေရချိန်တွင် ပြည်သူများအား ကျန်းမာ‌ရေး ဝန်ဆောင်မှုပေးနေသော ဂရုဏာ ဆေးခန်းအား အကြမ်းဖက်ဝင်ရောက်စီးနှင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNDF မှ ထုတ်ပြန်ကြေညာခဲ့ပြီး အကြမ်းဖက် စစ်ကောင် စီတပ် အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ခိုက်သွားမည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ဒုတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီတပ်တော် တို့ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား၂၀ ဦးထက်မနည်းသေဆုံးကာ ကရင်နီတပ်မတော်သားတစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။