Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုမယ့် ဒေါက်တာဇော်မြင့်မောင်ကို ကျန်းမာရေးအရ နေပြည်တော်တရားခွင်ကိုလာခွင့်မပြု

အကယ်၍ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုစေချင်ရင်တော့ ဗီဒီယိုကွန့်ဖရန့်ဆင်းကလည်း လုပ်ဆောင်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုမှာ သက်သေအဖြစ် ထွက်ဆိုမယ့် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကို ကျန်းမာရေးအခြေအနေအရ နေပြည်တော်က တရားခွင်ကို လာရောက်ခွင့်မပြုဘူးလို့သိရပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ဒေါက်တာဇော်မြင့်မောင်က သက်သေထွက်ဆိုဖို့ရှိနေတာပါ။

ဒါပေမယ့် ဒီနေ့ နေပြည်တော်က တရားခွင်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ အရ တရားရုံးကိုမလာရောက်နိုင်ဘူးလို့ တရားသူကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါက်တာဇော်မြင့်မောင်ဟာ ဝေဒနာတွေခံစားနေရတဲ့အတွက် ခရီးသွားဖို့ ခွင့်မပြုနိုင်တဲ့ ကျန်းမာရေးအရာရှိရဲ့ ဆေးမှတ်တမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကို တရားသူကြီးက ပြသခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုစေချင်ရင်တော့ ဗီဒီယိုကွန့်ဖရန့်ဆင်းကလည်း လုပ်ဆောင်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး စစ်ကောင်စီက ပုဒ်မတွေတပ်ကာတ ရားစွဲခံထားရသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။