Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုမယ့် ဒေါက်တာဇော်မြင့်မောင်ကို ကျန်းမာရေးအရ နေပြည်တော်တရားခွင်ကိုလာခွင့်မပြု

အကယ်၍ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုစေချင်ရင်တော့ ဗီဒီယိုကွန့်ဖရန့်ဆင်းကလည်း လုပ်ဆောင်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုမှာ သက်သေအဖြစ် ထွက်ဆိုမယ့် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကို ကျန်းမာရေးအခြေအနေအရ နေပြည်တော်က တရားခွင်ကို လာရောက်ခွင့်မပြုဘူးလို့သိရပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ဒေါက်တာဇော်မြင့်မောင်က သက်သေထွက်ဆိုဖို့ရှိနေတာပါ။

ဒါပေမယ့် ဒီနေ့ နေပြည်တော်က တရားခွင်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ အရ တရားရုံးကိုမလာရောက်နိုင်ဘူးလို့ တရားသူကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါက်တာဇော်မြင့်မောင်ဟာ ဝေဒနာတွေခံစားနေရတဲ့အတွက် ခရီးသွားဖို့ ခွင့်မပြုနိုင်တဲ့ ကျန်းမာရေးအရာရှိရဲ့ ဆေးမှတ်တမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကို တရားသူကြီးက ပြသခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုစေချင်ရင်တော့ ဗီဒီယိုကွန့်ဖရန့်ဆင်းကလည်း လုပ်ဆောင်ဖို့အကြံပြုခဲ့တယ်လို့လည်းသိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး စစ်ကောင်စီက ပုဒ်မတွေတပ်ကာတ ရားစွဲခံထားရသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ