Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆို တိုက်ပွဲ KNDF ရဲဘော် ၄ဦး ကျဆုံး

“ဒီမနက် အစောကြီး ၅နာရီ နည်းနည်းကျော်တဲ့အချိန်လောက်မှာ နှစ်ဖက် ထိတွေ့ ထိပ်တိုက် ရင်ဆိုင်ကြတာပေါ့။ကျွန်တော်တို့ KNDF ဘက်က ၄ယောက်ကျပြီးတော့ စကစဘက်ရဲ့ ထိခိုက်မှုတို့ သေဆုံးမှု အခြေအနေတို့ မသိရဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့မနက်က တိုက်ပွဲဖြစ်ပွားရာ KNDF ရဲဘော် ၄ဦးကျဆုံးခဲ့သည်ဟုအဖွဲ့ပြောရေးဆိုခွင့်ရှိသူကအတည်ပြုသည်။

ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ရွာအနီး၌ ယနေ့မနက်က နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် အစောကြီး ၅နာရီ နည်းနည်းကျော်တဲ့အချိန်လောက်မှာ နှစ်ဖက် ထိတွေ့ ထိပ်တိုက် ရင်ဆိုင်ကြတာပေါ့။ကျွန်တော်တို့ KNDF ဘက်က ၄ယောက်ကျပြီးတော့ စကစဘက်ရဲ့ ထိခိုက်မှုတို့ သေဆုံးမှု အခြေအနေတို့ မသိရဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကျဆုံးခဲ့သည့် ရဲဘော် ၄ဦး အပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်စဉ်ကာလအတွင်း KNDF ရဲဘော် ၁၆ဦး ခန့် စစ်အာဏာရှင်ဖြုတ်ချ​ရေး၊ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးနှင့်ပြည်သူများလွတ်​မြောက်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ပြီဖြစ်သည်။ ကရင်နီ​ဒေသတိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်မှ ရာနှင့်ချီ​သေဆုံးထားပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ် တွင် ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်အကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်မှလည်းသေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။