Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို တိုက်ပွဲ KNDF ရဲဘော် ၄ဦး ကျဆုံး

“ဒီမနက် အစောကြီး ၅နာရီ နည်းနည်းကျော်တဲ့အချိန်လောက်မှာ နှစ်ဖက် ထိတွေ့ ထိပ်တိုက် ရင်ဆိုင်ကြတာပေါ့။ကျွန်တော်တို့ KNDF ဘက်က ၄ယောက်ကျပြီးတော့ စကစဘက်ရဲ့ ထိခိုက်မှုတို့ သေဆုံးမှု အခြေအနေတို့ မသိရဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့မနက်က တိုက်ပွဲဖြစ်ပွားရာ KNDF ရဲဘော် ၄ဦးကျဆုံးခဲ့သည်ဟုအဖွဲ့ပြောရေးဆိုခွင့်ရှိသူကအတည်ပြုသည်။

ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ရွာအနီး၌ ယနေ့မနက်က နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် အစောကြီး ၅နာရီ နည်းနည်းကျော်တဲ့အချိန်လောက်မှာ နှစ်ဖက် ထိတွေ့ ထိပ်တိုက် ရင်ဆိုင်ကြတာပေါ့။ကျွန်တော်တို့ KNDF ဘက်က ၄ယောက်ကျပြီးတော့ စကစဘက်ရဲ့ ထိခိုက်မှုတို့ သေဆုံးမှု အခြေအနေတို့ မသိရဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကျဆုံးခဲ့သည့် ရဲဘော် ၄ဦး အပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်စဉ်ကာလအတွင်း KNDF ရဲဘော် ၁၆ဦး ခန့် စစ်အာဏာရှင်ဖြုတ်ချ​ရေး၊ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်​ရေးနှင့်ပြည်သူများလွတ်​မြောက်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ပြီဖြစ်သည်။ ကရင်နီ​ဒေသတိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်မှ ရာနှင့်ချီ​သေဆုံးထားပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ် တွင် ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်အကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်မှလည်းသေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။