Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်က အရပ်သား ၇ဦးကိုဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုဟု KNDF ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော် လေးဦးကို ကရင်နီအမျိုးသား အာဇာ နည်သူရဲ‌ကောင်းများအဖြစ် လေးစားအသိ အမှတ်ပြု၍ အလေးပြုကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ကရင်နီ(ကယား) ပြည်နယ်ဒီးမော့ဆိုမြို့နယ်၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံ ၇ဦးကိုဖမ်းပြီးလူသားဒိုင်းအဖြစ် အသုံး ပြုခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာအတွင်း၌ ယနေ့ (နိုဝင်ဘာ၂၅ရက်)နံနက်က စစ်ကောင်စီစစ်ကြောင်းနှစ်ခုနှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာ KNDF ရဲဘော် ​လေးဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ​လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော် လေးဦးကို ကရင်နီအမျိုးသား အာဇာ နည်သူရဲ‌ကောင်းများအဖြစ် လေးစားအသိ အမှတ်ပြု၍ အလေးပြုကြောင်း ဖော်ပြထားသည်။

စစ်ကြောင်းထိုးလာသည့် အကြမ်ဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အခြေစိုက် (၄၂၇) တပ်ရင်းမှဖြစ်ပြီး တိုက်ပွဲအပြီးတွင် ကျေးရွာအတွင်းရှိ အရပ်သား ၇ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။ ကရင်နီဒေသ၌ ယခင်ဖြစ်ခဲ့သည့် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ကရင်နီတပ်ဖွဲ့များကဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်ဖက်စစ်ကောင်စီတပ်များသည် အင်အား ၁၀၀ ကျော်ဖြင့် (၆) မိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလျက်ရှိပြီး စစ်ကြောင်းထိုးစဥ်တွင် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း၊ KNDF အနေဖြင့် တော်လှန်ရေးအတွင်းကျဆုံးသွားသော ရဲဘော်များအား လုံးကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။