Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်က အရပ်သား ၇ဦးကိုဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုဟု KNDF ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော် လေးဦးကို ကရင်နီအမျိုးသား အာဇာ နည်သူရဲ‌ကောင်းများအဖြစ် လေးစားအသိ အမှတ်ပြု၍ အလေးပြုကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ကရင်နီ(ကယား) ပြည်နယ်ဒီးမော့ဆိုမြို့နယ်၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံ ၇ဦးကိုဖမ်းပြီးလူသားဒိုင်းအဖြစ် အသုံး ပြုခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာအတွင်း၌ ယနေ့ (နိုဝင်ဘာ၂၅ရက်)နံနက်က စစ်ကောင်စီစစ်ကြောင်းနှစ်ခုနှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာ KNDF ရဲဘော် ​လေးဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ​လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော် လေးဦးကို ကရင်နီအမျိုးသား အာဇာ နည်သူရဲ‌ကောင်းများအဖြစ် လေးစားအသိ အမှတ်ပြု၍ အလေးပြုကြောင်း ဖော်ပြထားသည်။

စစ်ကြောင်းထိုးလာသည့် အကြမ်ဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အခြေစိုက် (၄၂၇) တပ်ရင်းမှဖြစ်ပြီး တိုက်ပွဲအပြီးတွင် ကျေးရွာအတွင်းရှိ အရပ်သား ၇ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။ ကရင်နီဒေသ၌ ယခင်ဖြစ်ခဲ့သည့် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ကရင်နီတပ်ဖွဲ့များကဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်ဖက်စစ်ကောင်စီတပ်များသည် အင်အား ၁၀၀ ကျော်ဖြင့် (၆) မိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလျက်ရှိပြီး စစ်ကြောင်းထိုးစဥ်တွင် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း၊ KNDF အနေဖြင့် တော်လှန်ရေးအတွင်းကျဆုံးသွားသော ရဲဘော်များအား လုံးကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။