Connect with us

Hi, what are you looking for?

News

မူဆယ်တွင်အကြားအာရုံချို့ယွင်း​နေ​သော​ဒေသခံ​တောင်သူကို စစ်​ကောင်စီတပ်​​သေနတ်ဖြင့်ပစ်သတ်

“ဦးလဖိုင်ထိန်က နားမကြားရှာဘူး။ တိုက်ပွဲ ဖြစ်နေရင်တောင် သူမသိဘူး။ သူယာခင်းမှာ အလုပ်လုပ်နေတာကို သတ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင်စစ်​ကြောင်းထိုး​နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က အကြားအာရုံ ချို့ယွင်းနေသည့် အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့​ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့နယ် မော်တောင်းရွာမှ အသက် ၅၆ နှစ်အရွယ်ဦးလဖိုင်တိန်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်သွားခြင်းဟု ဒေသခံများကပြောသည်။

“ဦးလဖိုင်ထိန်က နားမကြားရှာဘူး။ တိုက်ပွဲ ဖြစ်နေရင်တောင် သူမသိဘူး။ သူယာခင်းမှာ အလုပ်လုပ်နေတာကို သတ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုဝင်ဘာ ၂၄ ရက်က တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(TNLA)နှင့် တိုက်ပွဲဖြစ်ပြီး အပြန်တွင် လမ်းခုလတ်တစ်နေရာ၌ ဦးလဖိုင်ထိန်အား သတ်ဖြတ်သွားခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွာပြန်လာမယ်ဆိုပြီးမိသားစုဆီ ဖုန်းဆက်သေးတယ်။ နောက်တော့ အဆက်အသွယ်မရလို့ လိုက်ရှာတာမှာ အလောင်းကို ပြောင်းခင်းထဲမှာ မြေမြုပ်ထားတာတွေ့တာ။အကြားအာရုံမကောင်းတော့ သေနတ်သံတွေမကြားဘဲ တောင်ယာက အိမ်ကိုပြန် ဆင်းလာတာကနေ စစ်တပ်နဲ့တွေ့ပြီး အသတ်ခံရတာ” ဟု မော်တောင်းဒေသခံတစ်ဦးကပြောသည်။

ဦးလဖိုင်ထိန်ကသည် မသေဆုံးခင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ဖူးယောင်ဒဏ်ရာများ ရရှိထားသည်ဟု ဒေသခံများကပြောသည်။​မိသားစုကဦးလဖိုင်ထိန်၏ ရုပ်အလောင်းကို ရွာသို့ ပြန်သယ်ကာ နာရေးပြုလုပ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook