Connect with us

Hi, what are you looking for?

News

ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို ရိုက်နှက်ဖမ်းဆီးခဲ့မှုကြောင့် ပြည်သူတွေက မြန်မာပလာဇာကိုသပိတ် မှောက်ဖို့လုပ်ဆောင်နေ

ဒီနေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင်ယာဉ်လိုင်းတွေကို မစီးနင်းကြဖို့ လူငယ်အချို့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲဒီဆန္ဒပြမှုကို မြန်မာပလာဇာလုံခြုံရေးတွေက အကြမ်း ဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

-မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ဆိုင်အချို့က ယာယီပိတ်ထားဖို့ ကြေညာ၊ မြန်မာပလာဇာကလည်း လူထုကို ပြန်လည်တောင်းပန်ခဲ့ရ

ရန်ကုန်မြို့ရှိ မြန်မာပလာဇာမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို အဆိုပါပလာဇာမှ ဝန်ထမ်းများကရိုက်နှက်ဖမ်းဆီးခဲ့မှုကြောင့် ပြည်သူတွေက မြန်မာပလာဇာကို သပိတ်မှောက်ဖို့လုပ်ဆောင်နေပြီး အဲဒီမှာဖွင့်လှစ် ထားတဲ့ဆိုင်အချို့ကလည်း ယာယီပိတ်ထားမယ်လို့ ထုတ်ပြန်ကြေညာကြပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင်ယာဉ်လိုင်းတွေကို မစီးနင်းကြဖို့ လူငယ်အချို့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲဒီဆန္ဒပြမှုကို မြန်မာပလာဇာလုံခြုံရေးတွေက အကြမ်း ဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာပလာဇာကို အများပြည်သူကိုအနူးအညွတ်တောင်းပန်ကြောင်းနဲ့ မလျော်မကန်သောအပြုအမှုတွေ ထပ်မံမဖြစ်ပွားဖို့ တာဝန်ရှိသူတွေကို ပိုမိုတင်းကြပ်တဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို တုံ့ပြန်ခဲ့တဲ့ မြန်မာပလာဇာရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုံ့ချခဲ့ပြီး မြန်မာပလာဇာကို သပိတ်မှောက်ဖို့ တိုက်တွန်းလုပ်ဆောင်နေပြီး မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ဆိုင်အချို့ကလည်း ၎င်းတို့ရဲ့ဆိုင်တွေကို ယာယီပိတ်ထားခြင်း၊ နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း၊ ဆိုင်ပိတ်သိမ်းခြင်းတွေ လုပ်ဆောင်မယ်လို့ ကြေညာချက်တွေထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် အငှားယာဉ်မောင်းအချို့ကလည်း မြန်မာပလာဇာကို သွားရောက်မယ့်ခရီးသည်တွေကို တင်ဆောင်ပို့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။