Connect with us

Hi, what are you looking for?

LuduNwayOo

News

ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို ရိုက်နှက်ဖမ်းဆီးခဲ့မှုကြောင့် ပြည်သူတွေက မြန်မာပလာဇာကိုသပိတ် မှောက်ဖို့လုပ်ဆောင်နေ

ဒီနေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင်ယာဉ်လိုင်းတွေကို မစီးနင်းကြဖို့ လူငယ်အချို့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲဒီဆန္ဒပြမှုကို မြန်မာပလာဇာလုံခြုံရေးတွေက အကြမ်း ဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

-မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ဆိုင်အချို့က ယာယီပိတ်ထားဖို့ ကြေညာ၊ မြန်မာပလာဇာကလည်း လူထုကို ပြန်လည်တောင်းပန်ခဲ့ရ

ရန်ကုန်မြို့ရှိ မြန်မာပလာဇာမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို အဆိုပါပလာဇာမှ ဝန်ထမ်းများကရိုက်နှက်ဖမ်းဆီးခဲ့မှုကြောင့် ပြည်သူတွေက မြန်မာပလာဇာကို သပိတ်မှောက်ဖို့လုပ်ဆောင်နေပြီး အဲဒီမှာဖွင့်လှစ် ထားတဲ့ဆိုင်အချို့ကလည်း ယာယီပိတ်ထားမယ်လို့ ထုတ်ပြန်ကြေညာကြပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင်ယာဉ်လိုင်းတွေကို မစီးနင်းကြဖို့ လူငယ်အချို့က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲဒီဆန္ဒပြမှုကို မြန်မာပလာဇာလုံခြုံရေးတွေက အကြမ်း ဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာပလာဇာကို အများပြည်သူကိုအနူးအညွတ်တောင်းပန်ကြောင်းနဲ့ မလျော်မကန်သောအပြုအမှုတွေ ထပ်မံမဖြစ်ပွားဖို့ တာဝန်ရှိသူတွေကို ပိုမိုတင်းကြပ်တဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့လူငယ်အချို့ကို တုံ့ပြန်ခဲ့တဲ့ မြန်မာပလာဇာရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုံ့ချခဲ့ပြီး မြန်မာပလာဇာကို သပိတ်မှောက်ဖို့ တိုက်တွန်းလုပ်ဆောင်နေပြီး မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့ဆိုင်အချို့ကလည်း ၎င်းတို့ရဲ့ဆိုင်တွေကို ယာယီပိတ်ထားခြင်း၊ နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း၊ ဆိုင်ပိတ်သိမ်းခြင်းတွေ လုပ်ဆောင်မယ်လို့ ကြေညာချက်တွေထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် အငှားယာဉ်မောင်းအချို့ကလည်း မြန်မာပလာဇာကို သွားရောက်မယ့်ခရီးသည်တွေကို တင်ဆောင်ပို့ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။