Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် ​ခြေလျင်တက်လာ​သော စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦး​သေ၊ ခုနစ်ဦး ဒဏ်ရာရ

တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ၂၅ ရက် နေ့လည် ၃နာရီခန့်က နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကနဦးတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း CDSOMက ဆိုသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာသည့် စစ်ကောင် စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ ခုနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးခန့်ဒဏ်ရာရရှိနိုင်သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ နိုဝင်ဘာ၂၅ ရက် နေ့လည် ၃နာရီခန့်က နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကနဦးတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း CDSOMက ဆိုသည်။

ထို့နောက် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်တပ်ကို တပ်ကူပေးရန် လာရောက်သော စစ်ကောင်စီကားနှစ်စီးကို ညနေ ၅ နာရီ ခွဲခန့်တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုဖြစ်စဥ် နှစ်ခု အနက် ပထမအကြိမ်တိုက်ခိုက်မှုမှာ ပြည်သူ့တပ်မတော် (မြောင်)- MUA အဖွဲ့ဦးဆောင်ပြီး နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ မိုင်းဖြင့် မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ အမျိုး သမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (မြောင်)-M2W နှင့် Myaung Special People’s Defense Force- MSPDF မှ ပူးပေါင်း ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ် တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM နှင့် Zamani Revolution Force- MMU Myaung တို့ မဟာမိတ်စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော် တဦးတယောက်မျှ ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook