Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါးကိုဗဟိုပြုတဲ့ အင်အားပြင်းငလျင်

မြေငလျင်လှုပ်ရှားမှုကို ဟားခါးအပြင် ချင်း၊ကချင်၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ဒေသမှာလည်း ခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းအားပြင်းငလျှင်​တွေလှုပ်ခတ်ပြီးရင်​နောက်ဆက်တွဲ​မြေငလျှင်​တွေလည်း လှုပ်တက်တာ​ကြောင့် ​​​နောက်ဆက်တွဲ​မြေငလျှင်​တွေကိုလည်းသတိ့ထားဖို့လိုတယ်လို့ ​မြေငလျှင်ပညာရှင်​တွေက အမြဲသတိ့​ပေးပါတယ်။

ဟားခါးမြို့မှာ ဒီနေ နံနက် အစောပိုင်း ၆ နာရီ ၄၅ မိနစ်က ရစ်ချ်တာစကေး ၆ဒဿမ ၁အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်သွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောကြပြီး အသေးစိတ်ကို မသိရသေးပါဘူး။ အာဏာလုစစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ယခင် ဒီချုပ်အစိုးရလက်ထက်ကလို သတင်းမီဒီယာကို ဖြေကြားခြင်းမရှိလို့ မြေပြင်ပျက်စီးမှုအခြေအနေကို မသိရသေးတာပါ။

မြေငလျင်ဟာ ဟားခါးမြို့ရဲ့ နောက်- အနောက်မြောက် ဆယ်မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ အမေရိကန်အ​ခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းက​မြေငလျှင်​တွေကိုတိုင်းတာထုတ်ပြန်​ပေး​နေတဲ့USGSကသတင်းထုတ်ပြန်ထားပါတယ်။ ​မြေငလျှင်ဗဟိုချက်ဟာ​မြေ​အောက်မိုင် ၂၀​ဒသမ ၁ မိုင်(၃၂.၈ ကီလိုမီတာ)ကိုဗဟိုပြုလှုပ်ခတ်သွားတာ​ဖြစ်ပါတယ် ။

မြေငလျင်လှုပ်ရှားမှုကို ဟားခါးအပြင် ချင်း၊ကချင်၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ဒေသမှာလည်း ခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းအားပြင်းငလျှင်​တွေလှုပ်ခတ်ပြီးရင်​နောက်ဆက်တွဲ​မြေငလျှင်​တွေလည်း လှုပ်တက်တာ​ကြောင့် ​​​နောက်ဆက်တွဲ​မြေငလျှင်​တွေကိုလည်းသတိ့ထားဖို့လိုတယ်လို့ ​မြေငလျှင်ပညာရှင်​တွေက အမြဲသတိ့​ပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီက အကြမ်းဖက်ပြီး စစ်​ကြောင်း​တွေထိုး​နေတာ​ကြောင့်ချင်းပြည်နယ်ရှိ​ဒေသအများစုမှာတိုက်ပွဲ​တွေဖြစ်ပွား​နေသပါတယ်။​ဒေသခံပြည်သူ​တွေကလည်းအကြမ်းဖက်စစ်တပ်ရဲ့ရန်ကို စိုးရိမ်တာ​ကြောင့်ပြည်သူ​သောင်းချီ​နေရပ်ကို စွန့်ခွာထွက်​ပြေးတိမ်း​ရှောင်​နေရပါတယ်။ ဟားခါးမြို့အနီးတစ်ဝိုက်မှာလည်း စစ်​ကောင်စီတပ်နဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်​တွေမကြာခဏတိုက်ပွဲ​တွေဖြစ်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဒီဇင်ဘာလတုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ကန်ဆုမှာ ဒေသခံ ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။