Connect with us

Hi, what are you looking for?

News

ဟားခါးကိုဗဟိုပြုတဲ့ အင်အားပြင်းငလျင်

မြေငလျင်လှုပ်ရှားမှုကို ဟားခါးအပြင် ချင်း၊ကချင်၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ဒေသမှာလည်း ခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းအားပြင်းငလျှင်​တွေလှုပ်ခတ်ပြီးရင်​နောက်ဆက်တွဲ​မြေငလျှင်​တွေလည်း လှုပ်တက်တာ​ကြောင့် ​​​နောက်ဆက်တွဲ​မြေငလျှင်​တွေကိုလည်းသတိ့ထားဖို့လိုတယ်လို့ ​မြေငလျှင်ပညာရှင်​တွေက အမြဲသတိ့​ပေးပါတယ်။

ဟားခါးမြို့မှာ ဒီနေ နံနက် အစောပိုင်း ၆ နာရီ ၄၅ မိနစ်က ရစ်ချ်တာစကေး ၆ဒဿမ ၁အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်သွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောကြပြီး အသေးစိတ်ကို မသိရသေးပါဘူး။ အာဏာလုစစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ယခင် ဒီချုပ်အစိုးရလက်ထက်ကလို သတင်းမီဒီယာကို ဖြေကြားခြင်းမရှိလို့ မြေပြင်ပျက်စီးမှုအခြေအနေကို မသိရသေးတာပါ။

မြေငလျင်ဟာ ဟားခါးမြို့ရဲ့ နောက်- အနောက်မြောက် ဆယ်မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ အမေရိကန်အ​ခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းက​မြေငလျှင်​တွေကိုတိုင်းတာထုတ်ပြန်​ပေး​နေတဲ့USGSကသတင်းထုတ်ပြန်ထားပါတယ်။ ​မြေငလျှင်ဗဟိုချက်ဟာ​မြေ​အောက်မိုင် ၂၀​ဒသမ ၁ မိုင်(၃၂.၈ ကီလိုမီတာ)ကိုဗဟိုပြုလှုပ်ခတ်သွားတာ​ဖြစ်ပါတယ် ။

မြေငလျင်လှုပ်ရှားမှုကို ဟားခါးအပြင် ချင်း၊ကချင်၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ဒေသမှာလည်း ခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းအားပြင်းငလျှင်​တွေလှုပ်ခတ်ပြီးရင်​နောက်ဆက်တွဲ​မြေငလျှင်​တွေလည်း လှုပ်တက်တာ​ကြောင့် ​​​နောက်ဆက်တွဲ​မြေငလျှင်​တွေကိုလည်းသတိ့ထားဖို့လိုတယ်လို့ ​မြေငလျှင်ပညာရှင်​တွေက အမြဲသတိ့​ပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီက အကြမ်းဖက်ပြီး စစ်​ကြောင်း​တွေထိုး​နေတာ​ကြောင့်ချင်းပြည်နယ်ရှိ​ဒေသအများစုမှာတိုက်ပွဲ​တွေဖြစ်ပွား​နေသပါတယ်။​ဒေသခံပြည်သူ​တွေကလည်းအကြမ်းဖက်စစ်တပ်ရဲ့ရန်ကို စိုးရိမ်တာ​ကြောင့်ပြည်သူ​သောင်းချီ​နေရပ်ကို စွန့်ခွာထွက်​ပြေးတိမ်း​ရှောင်​နေရပါတယ်။ ဟားခါးမြို့အနီးတစ်ဝိုက်မှာလည်း စစ်​ကောင်စီတပ်နဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်​တွေမကြာခဏတိုက်ပွဲ​တွေဖြစ်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။