Connect with us

Hi, what are you looking for?

LuduNwayOo

News

■ပြည်သူ့အောင်ပွဲ နွှဲနေကြပြီ

ယ​နေ့ကျ​ရောက်​သော၁၀၁နှစ်​မြောက်အမျိုးသား​ရေး​အောင်ပွဲ​နေ့တွင် နိုင်ငံတစ်ဝန်း “စစ်ကျွန်မခံဘူးငြင်းဆန်း အမျိုးသား​နေ့အဓိဌာန်” ဆို​သော​ကြွေး​ကြော်သံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများပြုလုပ်​နေသည်။

-လွတ်​မြောက်နယ်​မြေအလား ပအဖ၊ပကဖ နဲ့ဒေသခံပြည်သူ​တွေစည်ကားစွာပူးပေါင်းဆင်နွှဲခဲ့​တဲ့ယင်မာပင်မြို့နယ်ကအမျိုးသား​​အောင်ပွဲ​နေ့အခမ်းအနား

ယ​နေ့(တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် )တွင်စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ ( ပအဖ)၊ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ( ပကဖ )များက ကျေးရွာတစ်ရွာမှပြည်သူနှင့်တွေ့ဆုံခြင်းနှင့် အမျိုးသား​အောင်ပွဲနေ့ အထိမ်းမှတ်အခမ်းနားကျင်းပခြင်းကို ပြည်သူအင်အားအများအပြားဖြင့် စည်ကားစွာကျင်းပခဲ့သည်။

ပအဖ ၊ပကဖ များသည် မြန်မာပြည်သူလူထု​ထောက်ခံမှုတစ်ခဲနက်ရရှိထား​သော အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လက်​အောက်ခံ အုပ်ချုပ်​ရေးနှင့်ကာကွယ်​ရေးအဖွဲ့များဖြစ်သည်။​တော်လှန်​ရေးအား​ကောင်း​သော​ဒေသများတွင် ပအဖ ၊ပလဖ (ပြည်သူ့လုံခြုံ​ရေးအဖွဲ့ )၊
ပကဖ များမှာ အခိုင်အမာရှိ​နေပြီဖြစ်သည်။ ယ​နေ့ကျ​ရောက်​သော၁၀၁နှစ်​မြောက်အမျိုးသား​ရေး​အောင်ပွဲ​နေ့တွင် နိုင်ငံတစ်ဝန်း “စစ်ကျွန်မခံဘူးငြင်းဆန်း အမျိုးသား​နေ့အဓိဌာန်” ဆို​သော​ကြွေး​ကြော်သံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်မှုများပြုလုပ်​နေသည်။

အကြမ်းဖက်စစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သော စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် အမျိုးသား​နေ့​အောင်ပွဲ အခမ်းအနားနှင့် စစ်အာဏာရှင် ဖြုတ်ချ​ရေးဆန္ဒပြပွဲများကို လွတ်​မြောက်နယ်​မြေများကဲ့သို့ ပြည်သူအင်အားအများအပြားဖြင့် ဆန္ဒထုတ်​ဖော်​နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ