Connect with us

Hi, what are you looking for?

News

ပလိပ်ရဲစခန်းရှေ့က ဖြတ်သွားတဲ့ လူငယ်၂ဦးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး

ဖမ်းဆီးခံရသူ လူငယ် ၂ ဦးအတက် ၁ ဦးဟာ မင်္ဂလာဆောင်တဲ့နေ့မှာပဲဖမ်းခံလိုက်ရတာလို့မိသားစုနဲ့ နီးစပ်သူ ၁ ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေး ပလိပ်မြို့ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ အမျိုးသား၂ဦးကို သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံများထံကနေစုံစမ်းသိရပါတယ်။

ပလိပ်ရဲစခန်းရှေ့မှာ မနေ့က နိုဝင်ဘာလ၂၈ရက် ညနေ ၄နာရီခွဲလောက်က ဆိုင်ကယ်နဲ့အမျိုးသားသုံးကို သေနတ်ပစ်ကာ ဖမ်းဆီးခဲ့ရာတစ်ဦးသာလွတ်မြောက်ပြီး ကျန် ၂ဦးကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ် ၂ စီး ကို ပစ်ခတ်ဖမ်းဆီးရာမှာ ၁ စီးက လွတ်မြောက်သွားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ၂ ဦးအတက် ၁ ဦးဟာ မင်္ဂလာဆောင်တဲ့နေ့မှာပဲဖမ်းခံလိုက်ရတာလို့မိသားစုနဲ့ နီးစပ်သူ ၁ ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ လူငယ်၂ဦးကို ရဲစခန်းမှာပဲချုပ်ထားတယ်လို့သိရပါတယ်။

ပလိပ်ရဲစခန်းဟာ မကြာခဏဆိုသလိုပင် စခန်းရှေ့ဖြတ်သန်းသွားလာသူတွေကို သေနတ်ပစ်ဖောက် ခြောက်လန့်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။