Connect with us

Hi, what are you looking for?

News

CRPH လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေးဖို့ နိုင်ငံတကာပါလီမန်များညီလာခံမှာ တောင်းဆို

ဒါ့အပြင် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် သတင်းအချက်အလက်နဲ့ အထောက်အထားတွေကိုလည်း နောက်ဆက်တွဲ ပေးပို့တင်ပြပေးဖို့ သဘောတူခဲ့ တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ နိုင်ငံတကာပါလီမန်များညီလာခံ(IPU)မှာ CRPH က တောင်းဆိုပါတယ်။

၁၄၃ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုဝင်ဘာ ၂၄ ရက်ကစလို့ ကျင်းပနေရာ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကြားနာပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ CRPH က တက်ရောက်ခဲ့ပါတယ်။

အဲဒီကြားနာပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပပျောက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် IPU နဲ့ အဖွဲ့ဝင်လွှတ်တော်များ၊ နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးစတဲ့အချက်တွေကို တောင်းဆိုခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

နောက်ပြီး IPU အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေများ၊ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခက်အခဲများနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းများကို မေးမြန်းခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် သတင်းအချက်အလက်နဲ့ အထောက်အထားတွေကိုလည်း နောက်ဆက်တွဲ ပေးပို့တင်ပြပေးဖို့ သဘောတူခဲ့ တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

CRPH ဟာ ပြည်သူလူထုနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အပြီးတိုင်ကျဆုံးရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင် သွားမယ်လို့ IPU မှာ ကတိပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှ​ယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားရှိသည့် သဘောထားကို နိုင်ငံအတာအနေဖြင့် ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

နိုင်ငံတကာ

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တွေကို အမေရိကန်က အတိုင်းအတာ ကြီးမား ကျယ်ပြန့်တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။