Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင်တိုက်ပွဲများဆက်ဖြစ် စစ်​ကောင်စီတပ်ထိ့ခိုက်​သေဆုံးမှုရှိ၊​ ဒေသခံပြည်သူများ၏အိုးအိမ်များဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများရှိနေပြီး၊အာဏာသိမ်းစစ်​ကောင်စီတပ်များက ​ဒေသခံပြ​ည်သူများ၏​နေအိမ်ပစ္စည်းများကိုအကြမ်းဖက်ဖျက်ဆီး​နေကြောင်း ဒေသခံများကပြောသည်။

ဒီပဲယင်းမြို့နယ် ညောင်လှရွာနှင့်ဆည်ကြီးရွာဘက်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မဟာမိတ်ပူး​ပေါင်းအဖွဲ့များ နိုဝင်ဘာလ ၂၈ ရက်နံနက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ တစ်ယောက်လက်ထိ(မစိုးရိမ်ရ)ခဲ့ပြီး စစ်ကောင်စီဘက်မှ ယနေ့နံနက်ထိ စုစုပေါင်း ငါးဆယ်ခန့်ထိခိုက်သေဆုံးနိုင်ကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – Kaung Kin

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ဒီပဲယင်းမြို့နယ်တစ်နယ်လုံးကို အရှေ့ဖျားမှ အနောက်ဖျားတိုင်အောင် ဝင်ရောက်စီးနင်းနေဆဲဖြစ်ပြီး ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာများအတွင်းသို့လည်း အကြိမ်ကြိမ်အခါခါ ဝင်ရောက်ဖျက်ဆီးခြင်း၊ လုယတ်ခြင်း၊ခိုးယူခြင်းများပြုလုပ်နေကြောင်း၊ တောင်သူလုပ်ငန်းများပင် မလုပ်ကိုင်နိူင်ဘဲ အခက်အခဲများကြုံတွေ့နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးသည်။

ဓာတ်ပုံ – Kaung Kin

ယနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ ပြည်သူများ၏တောနေတဲများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါတဲအိမ်များရှိ စက်ဘီး၊ ဆိုင်ကယ်၊ လယ်ထွန်စက်များအပြင် ဆန်များ၊ မြေပဲများအပါအဝင် စားနပ်ရိက္ခာများကို သွန်မှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း၊ တဲတစ်တဲမှ ငွေသိန်း၅၀ကျော် ရွှေလက်ကောက်၊ရွှေဆွဲကြိုးများကိုလည်း ရှာဖွေယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ – Kaung Kin

ထိုအပြင်ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာရှိ တောင်သူတဲများနှင့် အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်များကမီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားသိန်းငါးဆယ်ကျော်နှင့် ရွှေထည်များအား သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Kaung Kin

“တဲတွေကတော့ ဒေသခံတောင်သူတွေရဲ့တဲတွေပါ။ အရေအတွက်ကတော့မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးကပြောသည်။

(​အကြမ်းဖက်စစ်​ကောင်စီတပ်က ဒေသခံပြည်သူများ၏ ​နေအိမ်များ၊ပစ္စည်းများကိုမီးရှို့၊ဖျက်ဆီး၊လုယက်မှုများဆက်တိုက်ပြုလုပ်​နေသည်။)

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။