Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင်စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး ​သေဆုံးထိ့ခိုက်မှုများနိုင်ဟု ဂဠုန်တပ်တော်ထုတ်ပြန်

ဂဠုန်တပ်တော်၏ စစ်ကဲမှူးဆရာ “အောက်ချင်း” ကိုယ်တိုင် မီတာ (၁၀၀) အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းပါရှိသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ၏ ပွိုင့်တပ်စုတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်​သေဆုံးမှု များပြားနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယ​နေ့ညတွင်သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း၌ လှည့်လည်ထိုးစစ်ဆင်လျှက်ရှိသော စစ်ကောင်စီတပ်များကို ဂဠုန်တပ်တော်မှ ပြန်လည်စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိရာ ယနေ့(နိုဝင်ဘာလ ၃၀ ရက် )မွန်းလွဲ ၂း ၂၀ ခန့်က ဂဠုန်တပ်တော်၏ အထူးကွန်မန်ဒို တပ်စု(၁)စုသည် အရပ်ဝတ် (၃) ဦး ဦးဆောင်လာသော စစ်ကောင်စီတပ်၏ ပွိုင့်တပ်စုနှင့် ထိပ်တိုက်ထိတွေ့မှုရှိခဲ့ရာ အရပ်ဝတ်(၃)ဦးအား ကျော်လွန်စေလျက် စစ်ကောင်စီ ပွိုင့်(၁)ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများသည် ဂဠုန်တပ်တော်၏ မိုင်းများနှင့် တိတိကျကျ ထိမှန်ခဲ့ပြီး ဂဠုန်တပ်တော်၏အထူးကွန်မန်ဒိုတပ်သားများ ဘေးလွတ်ရာအရပ်သို့ ရောက်ရှိသည့်တိုင်အောင် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုတစုံတရာ မတွေ့မြင်ရခြင်း
ကြောင့် ထိခိုက်ကျဆုံးမှု အများအပြားရှိနိူင်ကြောင်း ခန့်မှန်းသိရှိရကြောင်းထုတ်ပြန်ထားသည်။ ဂဠုန်တပ်တော်၏ စစ်ကဲမှူးဆရာ “အောက်ချင်း” ကိုယ်တိုင် မီတာ (၁၀၀) အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းပါရှိသည်။

ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေပြီး ဒေသတွင်း PDFများကလည်းပြန်လည် ခုခံ​တော်လှန်တိုက်ခိုက်​နေသည်။ ​စစ်​ကောင်စီတပ်က ပြည်သူများကိုပင်ရဟတ်ယာဥ်​ပေါ်မှ စက်​သေနတ်ဖြင့်လိုက်ပစ်​နေသဖြင့် ပြည်သူထောင်ချီမှာလည်း စစ်ဘေးရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook